နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ ရှစ်လတာခရီးဖြတ်သန်းခဲ့ပြီ

ကနောင်

=====

မိုးအကုန်ဆောင်းအကူး စက်တင်ဘာလသည် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ကပ်ရောဂါတတိယလှိုင်းကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့သည့်လ၊ ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ အာဆီယံတို့နှင့် ပိုမို နီးကပ်စွာဆက်ဆံဖြစ်သည့် ကာလတစ်ခုလည်း ဖြစ်ပါသည်။ 


ဦးစားပေးသတ်မှတ်ထားသည့်အုပ်စုများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အားကောင်းသည့်လ၊ ကပ်ရောဂါအရှိန်ကျဆင်းလာသည်နှင့်အမျှ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်ဖွံ့ဖြိုးမှုတို့ကို ပိုမိုအားပေး၍ စားနပ်ရိက္ခာဖူလုံစေရေး၊ ပြည်သူများ လုံခြုံငြိမ်းချမ်းရေးအတွက် အချိန်ပေးရသည့်ကာလတစ်ခုလည်း ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအတွက် စက်တင်ဘာလအတွင်း ဆောင်ရွက်ချက်များဟုဆိုလိုက်လျှင် ရေးသား၍ကုန်နိုင်မည်မဟုတ်ပါ။ 
ပြည်တွင်းမတည်မငြိမ်ဖြစ်အောင်၊ တိုင်းပြည်ဆူပူ၍ ပြည်သူများ အေးချမ်းလုံခြုံမှုမရှိအောင် အကြမ်းဖက်မည်သည့်အဖွဲ့အစည်းကမဆို သွေးထိုးနှောင့်ယှက်ပါစေ၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူပူးပေါင်းမှုဖြင့် တစ်စတစ်စတည်ငြိမ်အေးချမ်းမှုအားကောင်းလာနေသည်က အထင်အရှားပင်ဖြစ်ပါသည်။ စက်တင်ဘာတစ်လတာအတွင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက်ဆောင်ရွက်ချက်များအတွင်းမှ အချို့ကို ကောက်နုတ် တင်ပြရမည်ဆိုလျှင် …

 

ဦးဆောင်ဦးရွက်ပြုသူများ၏လှုပ်ရှားမှု
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်         ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်     စက်တင်ဘာ ၆ ရက်က ကျင်းပသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်းအစည်း အဝေးတွင် မိမိတို့နိုင်ငံသည် စက်တင်ဘာလဆန်း ပိုင်းတွင် ပျမ်းမျှပိုးတွေ့နှုန်း ၁၀ ဒသမ ၃၇ ရာခိုင် နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း၊ အချို့တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌ ကူးစက်မှုနှုန်း များပြား နေပြီး စည်းကမ်းလိုက်နာမှုရှိစေရန်၊ အသိပညာ ပေးရေးအပါအဝင် ရောဂါပိုးစစ်ဆေးမှုနှင့် ကာကွယ် ဆေးထိုးလုပ်ငန်းစဉ်များအကြောင်းကို ဖြည့်စွက် ရှင်းလင်း  အကြံပြုပြောကြားခဲ့သည်။   ထို့အတူ ကိုဗစ်-၁၉ ရောဂါကို တိုင်းရင်းဆေးဖြင့် စနစ်တကျ သုတေသနပြုလုပ်ကာ ကုသဆေး၊ ကာကွယ်ဆေး များ ထုတ်လုပ်နိုင်မည့်အခြေအနေနှင့် ပြည်သူ များအားလုံး    လွှမ်းခြုံနိုင်မည့်    ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အစီအမံများကို    ထည့်သွင်း ပြောကြားခဲ့ပါသည်။


စိုက်ပျိုးမွေးမြူရေးကဏ္ဍကို မြှင့်တင်ခြင်းဖြင့်


စက်တင်ဘာ ၇ ရက်က နိုင်ငံတော်ဝန်ကြီးချုပ် သည်   ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး(၂/၂၀၂၁) သို့ တက်ရောက်အမှာစကား ပြောကြားရာတွင် နိုင်ငံ တစ်ခု၏ အဓိကမောင်းနှင်အားမှာ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့်    ကာကွယ်ရေးအင်အား ဖြစ်ကြောင်း၊ ထို့အတူ ပြည်သူများ ကျန်းမာကြံ့ခိုင် ရေးနှင့်   ပညာစဉ်ဆက်မပြတ်သင်ကြားနိုင်ရေး သည်လည်း   အရေးကြီးကြောင်း   စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည့်အပြင်  ပြည်ပဝင်ငွေ တိုးမြှင့်ရရှိစေမည့်   စိုက်ပျိုးမွေးမြူရေးကဏ္ဍကို မြှင့်တင်ခြင်းဖြင့်  ပြည်ပပို့ကုန်များ၊   ပြည်တွင်း စားသောက်ရိက္ခာဖူလုံစေရေးအတွက်  လမ်းညွှန် မှာကြားခဲ့ကာ  ဆီထွက်သီးနှံများ၊   ဝါနှင့်  အခြား စိုက်ပျိုးသီးနှံများ        အထွက်နှုန်းမြင့်မားရေးကို အကြံပြုဆွေးနွေးခဲ့သည်။ ဟိုတယ်နှင့်ခရီးသွား၊ အိမ်ရာတည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် စိမ်းလန်းစိုပြည်ရေးကဏ္ဍတို့ကို အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းခဲ့သည်။ ထို့အတူ ကာကွယ်ဆေး များ ရောက်ရှိမှု အခြေအနေများနှင့် မည်သူတစ်ဦး တစ်ယောက်မျှ   ကာကွယ်ဆေးထိုးနှံမှုမကျန်ရှိစေ ရေးတို့အတွက်လည်း      ညှိနှိုင်းအဖြေရှာပေးခဲ့ခြင်း ကြောင့် လက်တွေ့မျက်မြင် ကာကွယ်ဆေးထိုးနှံခြင်း များ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြပြီ   ဖြစ်ပါ သည်။

စက်တင်ဘာ ၉ ရက်က ကျင်းပသည့် သတ္တမ အကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) ၌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အနာဂတ်တွင်  GMS ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အတွက် လမ်းပြမြေပုံဖြစ်လာမည့် ယနေ့ ထိပ်သီးအစည်းအဝေး၌   အတည်ပြုထုတ်ပြန်မည့် GMS  စီးပွားရေးပူးပေါင်းဆောင်ရွက်မှု   အစီအစဉ် မဟာဗျူဟာမူဘောင် ၂၀၃၀ ကို ကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့်  စီးပွားရေးလုပ်ငန်းများကို   ဖြစ်နိုင် သမျှနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခု နှစ်ကုန်၌ လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ကာကွယ်ဆေး လွှမ်းခြုံနိုင်အောင်       ကြိုးပမ်းလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


အစီအမံများချမှတ်


နိုင်ငံတော်ဝန်ကြီးချုပ်         ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်    စက်တင်ဘာ ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေရှိ မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ     (နေပြည်တော်)နှင့် ဘူတာကြီးတို့ကို    ကြည့်ရှုစစ်ဆေး၍   မီးရထား ပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံကိုအကျိုးပြုသည့် သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ပြီး        ပိုမိုတိုးတက် အောင်မြင်စေရေး အစီအမံများချမှတ်ပေးခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်   စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက် ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ပြင်ဦးလွင်တပ်နယ်မှ သန္ဓေအရာရှိ၊  နည်းပြအရာရှိ၊   ကထိကအရာရှိနှင့် ပါရဂူဆေးမှူး၊ ဆရာ၊ ဆရာမများ၊ စစ်သည်မိသားစု များအား        နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် နိုင်ငံတော်အတွက်   တပ်မတော်၏   အရေးပါမှု၊ စစ်သည် တစ်ဦးချင်း ကျန်းမာ၊ ကြံ့ခိုင်၊ ကျွမ်းကျင် မှုရှိအောင် လေ့ကျင့်ခြင်းနှင့် စည်းကမ်းနှင့်အမိန့် နာခံမှုကောင်းမွန်ခြင်း၊       ကိုယ်စီတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခြင်းတို့ဖြင့် မိမိတို့ တတ်စွမ်းသရွေ့  နိုင်ငံ့အကျိုးစီးပွားကို    ကြိုးပမ်း ဆောင်ရွက်မှုရှိစေရေး လမ်းညွှန်မှာကြားသည်။


ဆင်လမ်းရေလှောင်တမံ


စက်တင်ဘာ ၁၆ ရက်က နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မန္တလေး တိုင်းဒေသကြီး  ပြင်ဦးလွင်မြို့နယ်ရှိ   ဆင်လမ်း ရေလှောင်တမံ၌           သီးနှံစိုက်ပျိုးရေးအတွက် ရေသိုလှောင်မှုနှင့်      ရေလှောင်တမံကြံ့ခိုင်မှု၊   အမျိုးသားကန်တော်ကြီးဥယျာဉ်၊ သဘာဝစိမ့်စမ်း ရေထွက်နှင့် ကန်တော်ကြီးပတ်လမ်းရှိ ရေဝင်ရောက် ရာ လမ်းကြောင်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်    မန္တလေးတိုင်းဒေသကြီး နှင့် ပြင်ဦးလွင်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်   ရပ်မိရပ်ဖများနှင့်   ပြင်ဦးလွင်မြို့နယ်ခန်းမ၌    တွေ့ဆုံ၍ ပြင်ဦးလွင်မြို့ သည် ပန်းမြို့တော်၊ ခရီးသွားမြို့တော်၊ ပညာရေးမြို့ တော်ဖြစ်ပြီး      ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကြောင့်                          


စီးပွားရေးအရှိန်အဟုန်ရပ်တန့်ခဲ့ရကြောင်း၊ ရောဂါ ကူးစက်မှုလျော့ကျလာစေရန် ဝိုင်းဝန်းကြိုးပမ်းကြ စေလိုကြောင်းပြောကြား၍ ကိုဗစ်ကြောင့် ထိခိုက် ခံစားကြရသည့် စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်ဦးမော့လာစေရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများမြှင့်တင်ခြင်း အပါအဝင် မြို့ပြဖွံ့ဖြိုး ရေး စီမံကိန်းများအောင်မြင်စေရေးတို့ကို ထည့်သွင်း ပြောကြားခဲ့သည်။        ရေခံမြေခံကောင်းသည့် ပြင်ဦးလွင်မြို့သည်  ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုလုပ်ငန်း စသည်တို့ကို အဆင့်မြင့်မားစွာ တိုးတက်ဆောင်ရွက်လာစေရန် နိုင်ငံတော်ဝန်ကြီး ချုပ်က တိုက်တွန်းမှာကြားခဲ့သည်။
ထို့အတူ       နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အတွင်းရှိ အားကစားကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် ခရီးသွားကဏ္ဍတို့ကို  မြှင့်တင်ဆောင်ရွက်ပေးနိုင် မည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌


နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်တင်ဘာ ၁၈ ရက်က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  မြို့မိမြို့ဖများနှင့် မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံ၍     တာဝန်ယူ ဆောင်ရွက်နေရသည့် လက်ရှိနိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးအဘက်ဘက်မှ လစ်ဟင်းမှု များမရှိစေရန်   လုပ်ဆောင်နေကြောင်း၊    မိမိတို့ အနေဖြင့် နိုင်ငံတော်တည်ဆောက်ရာတွင် ပြည်သူ များ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင် မာမာဆောက်တည်နိုင်ရေးကို   ရည်မှန်းချက်ထား လုပ်ဆောင်နေပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများရေးကို       အထူးဦးစားပေး ဆောင်ရွက်နေကြောင်း အလေးအနက်ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေသတွင်း   ဆီထွက်သီးနှံစိုက်ပျိုးမှု မြှင့်တင်ရေး၊ သယံဇာတကို အခြေခံသည့်လုပ်ငန်း များထက်       ရေရှည်တည်တံ့သည့်လုပ်ငန်းများ၊ ပြည့်ဖြိုးမြဲသယံဇာတများကို       ပိုမိုအားဖြည့် ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးဖြင့် အဆင့် အတန်းပြည့်မီသည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသား အရင်းအမြစ်များထွက်ပေါ်စေရေးအတွက် အခြေခံ ပညာမှသည် အဆင့်မြင့်ပညာအထိ တက်လှမ်းနိုင် စေရေး၊ စီးပွားရေးနှင့် ဥပဒေကဲ့သို့သော ပညာရပ် များကို သင်ကြားပေးနိုင်ရေး၊ မြို့ပြတည်ဆောက် ရေးအတွက်     လိုအပ်ချက်များဖြည့်ဆည်းရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအစီအမံများနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစား ကဏ္ဍ   မြှင့်တင်ပေးရေးစသည်တို့ကို    နိုင်ငံတော် ဝန်ကြီးချုပ်က   ထည့်သွင်းအကြံပြု    ပြောကြားခဲ့ သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများ နှင့်တွေ့ဆုံ၍ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ကို ချမှတ်၍ ကြိုးပမ်းဆောင်ရွက်ခြင်း၊ လက်ရှိ လုပ်ဆောင်မှုများသည် နိုင်ငံ့အရေး လုပ်ဆောင်ခြင်း ပင်ဖြစ်၍ စစ်မှန်ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် အပေါ် ခိုင်မာစွာ ရပ်တည်နိုင်ရေး၊ တိုင်းပြည်သာယာ  ဝပြောရေးနှင့် စားနပ်ရိက္ခာပေါများစေရေးကို ဦးစား ပေး ဆောင်ရွက်နေခြင်းတို့ကို ပြောကြားခဲ့သည့် အပြင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို တာဝန်ကျေပွန်အောင်ထမ်းဆောင်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း မိမိတို့ တတ်စွမ်းသရွေ့ ဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း    မှာကြားခဲ့သည်။   ထို့နောက် မြစ်ကြီးနားမြို့ နယ်မြေခံတပ်မတော် ဆေးရုံ၌ ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည် များအား အားပေးနှုတ်ဆက်ပြီး စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြသည်။

လားရှိုးတပ်နယ်

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လားရှိုးတပ်နယ်ရှိအရာရှိ၊ စစ်သည်မိသားစုများနှင့် စက်တင်ဘာ ၁၉ ရက်က   တွေ့ဆုံ၍   နိုင်ငံရေးဖြစ် ပေါ်ပြောင်းလဲမှုများကို       ရှင်းလင်းပြောကြားပြီး စစ်သည်မိသားစုများကို     စားသောက်ဖွယ်ရာများ ပေးအပ်ခြင်း၊ တပ်နယ်ဆေးရုံများတွင် ဆေးကုသမှု ခံယူနေသည့်  တပ်မတော်သားများကို    ကြည့်ရှု အားပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ 

ထို့နောက်   နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများ၊  ဌာနဆိုင်ရာ ဝန်ထမ်းများ၊  ခရိုင်မြို့နယ်   အုပ်ချုပ်ရေးအဖွဲ့ဝင် များ၊   ရပ်မိရပ်ဖများနှင့်  လားရှိုးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ခွဲရုံး၌ တွေ့ဆုံ၍ ဒေသတွင်းထုတ်ကုန် များ မြင့်မားရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အား ရရှိရေး၊ စိုက်ပျိုးမွေးမြူရေးစသည့် ဒေသအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးတိုက်တွန်းပြောကြားခဲ့သည်။

ခြောက်လဘဏ္ဍာရေးနှစ်အတွင်း


ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)ကို   စက်တင်ဘာ ၂၃ ရက်က ကျင်းပရာ    ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ခြောက်လဘဏ္ဍာရေးနှစ် အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာအသုံးစရိတ် များကို  ဆက်လက်လျာထားသုံးစွဲရန်ခွင့်ပြုထား ကြောင်းနှင့် အရေးပေါ်ရန်ပုံငွေကျပ် ၅၆ ဘီလီယံ အပြင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အထူးရန်ပုံငွေ အဖြစ် ကျပ်ဘီလီယံ ၁၀၀ လျာထားသုံးစွဲနိုင်ရန် စီစဉ်ထားကြောင်း၊ ခွဲဝေခွင့်ပြုထားသည့် အသုံးစရိတ် များကို  စိစစ်သုံးစွဲနိုင်စေရေးနှင့်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ်များ၊   ဦးတည်ချက်များကို  ဖော်ဆောင်ရန် တာဝန်ရှိသူများက မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန် ကြိုးပမ်းပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့အတူ အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေး (၁/၂၀၂၁) ကို ယင်းနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်က စီမံကိန်းအကောင်အထည်ဖော်ရာ တွင် ငွေကြေးသုံးစွဲမှုများကို နိုင်ငံတော်၏ ဘဏ္ဍာ ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင့်သုံးရန် နှင့် သွင်းအားစုများကို အလေအလွင့်နည်းပါးစွာဖြင့် ထိရောက်စွာသုံးစွဲ၍ စီမံကိန်းဆောင်ရွက်မှုများကို စောင့်ကြည့်သုံးသပ်ကြရန် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား တိုက်တွန်းခဲ့သည်။


စက်တင်ဘာ ၂၄ ရက်က ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၅/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စာသင်ကျောင်းများ အမြန် ဆုံး  ပြန်လည်ဖွင့်လှစ်ရန်  စီစဉ်ဆောင်ရွက်နေပြီး အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများ ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ဩဂုတ်လ၌ နိုင်ငံအတွင်း ကူးစက်မှု ၄၀ ရာခိုင်နှုန်းကျော် ရောက် ရှိခဲ့သော်လည်း   စနစ်တကျဖြင့်  အားလုံးဝိုင်းဝန်း ကြိုးပမ်းမှုကြောင့်    ယခု  စက်တင်ဘာလတွင်   ၈ ရာခိုင်နှုန်းသို့           ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ ထို့ကြောင့် ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေး၊ စိုက်မွေးစီးပွားလုပ်ငန်းများ မြှင့်တင်ရေး၊ စက်သုံးဆီချွေတာရေး၊ အခွန်ငွေရရှိစေ ရေးစသည့် နိုင်ငံလိုအပ်ချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက ဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့ကြသည်။


နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်တင်ဘာ ၂၇ ရက်က  ကျင်းပသည့်   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေး (၁/၂၀၂၁)သို့ တက်ရောက်၍ မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ဆောင်ရွက်ခဲ့သည် မှာ   ရှစ်လတာ   ပြည့်မြောက်မည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများ၊ အကျပ် အတည်းများသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှု၏ ရလဒ်များပင်ဖြစ်ကြောင်း၊ လက်ရှိတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းစဉ်များကို     ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ စီးပွားရေးကဏ္ဍတွင်  ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခြင်းကို အမြန်ဆုံးပြန်လည်ကုစားနိုင်ရေးအတွက်   ကြိုးပမ်းမှုများနှင့်   သွင်းကုန်များလျော့ နည်း၍  နိုင်ငံခြားငွေသုံးစွဲမှုကို   လျှော့ချနိုင်မည့် နည်းလမ်းများ ဖော်ထုတ်ရန်အတွက် အလေးထား တိုက်တွန်းခဲ့သည်။


နိုင်ငံတော်၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၈ ရက်တွင်ကျင်းပ သည့်  ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့   အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်း၍ အကြံပြုချက်များပါဝင် သည့် အမှာစကားပေးပို့ခဲ့သည်။ အဆိုပါအခမ်းအနား ကို  နေပြည်တော်ရှိ  ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၌         ဗီဒီယိုကွန်ဖရင့်ဖြင့်     ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌ၊     ဒုတိယဝန်ကြီးချုပ်၊     ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ ကပ်ရောဂါကို ထိန်းချုပ်လာနိုင်သည်နှင့်တစ်ပြိုင်နက် ခရီးသွား လုပ်ငန်းများ စတင်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင် ရွက်ထားကြရန် တိုက်တွန်းပြောကြားခဲ့သည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကော်မတီအစည်းအဝေး     (၅/၂၀၂၁)ကို စက်တင်ဘာ ၂၈ ရက်က ကျင်းပရာ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က    အမှာ စကားပြောကြားရာ၌    လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ  ဆောင်ရွက်မှု၊    နိုင်ငံတကာနှင့် ဆက်ဆံ ဆောင်ရွက်ရာတွင် ပကတိအခြေအနေနှင့် ကိုက်ညီ ရန်၊ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်ကိုက်ညီ ရန်၊  လွယ်ကူရှင်းလင်းသည့်   စီမံခန့်ခွဲမှုစနစ်နှင့် အုပ်ချုပ်မှုစနစ်ဖြစ်ရန်   မှာကြားခဲ့သည့်အပြင် အကြမ်းဖက်လုပ်ငန်းများ၌ EAO များ ပါဝင်ပတ်သက် မှုရှိသော်လည်း EAO အများစုမှာ လက်ခံမှုမရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး တရားဥပဒေစိုးမိုးမှုနှင့် ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးအတွက် ညှိနှိုင်း ဆွေးနွေးအဖြေရှာခဲ့သည်ကို မြင်တွေ့ရသည်။
(ဆက်လက်ဖော်ပြပါမည်)