
နေပြည်တော် အောက်တိုဘာ ၁၁
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ် သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြားဆက်စပ် ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ် ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများ၊ မြဝတီနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ တင်သွင်း ရာ၌ ကုမ္ပဏီ ငါးခုမှ ယာဉ်စီးရေ ၁၃ စီးဖြင့် အောက်ဆီဂျင်အရည် Browser ယာဉ်ဖြင့် တန် ၂၀၊ PPE အစုံ ၃၃၄၅၀၊ နှာခေါင်းစည်း Mask ၆၄ တန် တင်သွင်းခဲ့ပြီး အောက်ဆီဂျင်အရည် သယ်ယာဉ် တစ်စီးမှာ ရန်ကုန်မြို့သို့ ပို့ဆောင်မည်ဖြစ်သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် သက်ဆိုင် ရာဌာနများနှင့် ညှိနှိုင်းထားသည့် လုပ်ငန်းလမ်းညွှန် ချက်များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက် ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရှိရသည်။ သတင်းစဉ်