အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့  ပို့ဆောင်ရောင်းစားခဲ့သူအား  လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

 

နေပြည်တော် အောက်တိုဘာ ၁၁


အမျိုးသမီးတစ်ဦးကို   တရုတ်နိုင်ငံသို့   ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၂၀၀၆ ခုနှစ်အတွင်းက ရှမ်းပြည်နယ် လားရှိုးမြို့ ရပ်ကွက်(၅) နယ်မြေ(၂) ခိုင်ရွှေဝါ လမ်းနေ မxxxx၊ (၃၆) နှစ်ကို သူငယ်ချင်းဖြစ်သူ မန်ပျဉ်ကျေးရွာအုပ်စု    ခင်ဖုန်းကျေးရွာနေ   မအေးနော်ခမ်း   (ခ)နန်းနော်ခမ်း က တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပါက ငွေအမြောက် အမြားရရှိပြီး ကောင်းမွန်စွာနေထိုင်ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ် အမျိုးသားထံ ရောင်းစားခဲ့သဖြင့် လားရှိုးမြို့မ ရဲစခန်း (ပ)၃၆၇/၂၀၂၀၊  လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး လားရှိုးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၁၀ ရက် တွင် တရားခံ မအေးနော်ခမ်း(ခ)နန်းနော်ခမ်းအား လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်