
နေပြည်တော် အောက်တိုဘာ ၅
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာပစ္စည်းများကို လေ ကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ အဆင် ပြေချောမွေ့စွာတင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် အခြားဆက်စပ်ဌာန များနှင့် လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်နှင့် မြဝတီကုန်သွယ်ရေး စခန်း နှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ နှစ်ခုမှ ယာဉ်စီးရေ လေးစီးဖြင့် အောက်ဆီဂျင် (အရည်) Storage Container နှစ်ခု၊ Oxygen (အရည်) Distributor သုံးခု၊ အောက်ဆီဂျင်အိုးခွံအခု ၄၉၀၊ အိမ်သုံးအောက်ဆီဂျင်စက် ၁၀၄ ခု၊ Test Kit အခု ၁၀၀၀၀၊ လက်အိတ် ၁၆ တန်နှင့် နှာခေါင်းစည်း ၁၆ တန် တင်သွင်းခဲ့သည်။
စီစဉ်ဆောင်ရွက်ပေးထား
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှတင်သွင်း ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိ စေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြု ပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ် သည့် commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။
သတင်းစဉ်