ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂံဒေသ စိုက်ပျိုးရေးမဟာဗျူဟာရေးဆွဲရေး ညှိနှိုင်းစည်းဝေး

နေပြည်တော် အောက်တိုဘာ ၅


ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ ယဉ်ကျေးမှုဒေသတွင် ဆက်လက် ဆောင်ရွက်ရန် ကမ္ဘာ့အမွေအနှစ် ကော်မတီ     (World Heritage Committee-WHC) ၏ အကြံပြု ချက်အရ   ပုဂံဒေသ  လယ်ယာ စိုက်ပျိုးမှု မဟာဗျူဟာတစ်ရပ်  ရေးဆွဲခြင်းကို    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်    ဆည်မြောင်း ဝန်ကြီးဌာနက       တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ဆက်စပ် ဝန်ကြီးဌာနများမှ    တာဝန်ရှိသူ များ ပူးပေါင်းပါဝင်သော “ပုဂံ ဒေသ   စိုက်ပျိုးရေးမဟာဗျူဟာ ရေးဆွဲရေး         ကော်မတီ”ကို စက်တင်ဘာလတွင် စတင်ဖွဲ့စည်း ခဲ့ရာ အဆိုပါကော်မတီ၏ ပထမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို  ယနေ့တွင်  အွန်လိုင်း စနစ်ဖြင့် ကျင်းပသည်။


အစည်းအဝေးတွင် ပုဂံဒေသ စိုက်ပျိုးရေးမဟာဗျူဟာ ရေးဆွဲ ရေးကော်မတီဥက္ကဋ္ဌ  ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံဇာတနှင့်    ပတ်ဝန်းကျင် ထိန်းသိမ်းရေး    ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တို့မှ ကော်မတီဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ 


စိုက်ပျိုးမြေယာရှုခင်း    ထိန်း သိမ်းခြင်း၊    ရိုးရာအစဉ်အလာ ရာသီသီးနှံများ ပိုမိုစိုက်ပျိုးနိုင် စေရေး၊ ဆည်မြောင်းနှင့် ရေစီမံ ခန့်ခွဲမှု၊  ထွန်ယက်ခြင်းနှင့် မြေတူး ဆွခြင်း၊   သစ်ပင်အကြီးများနှင့် အပင်ငယ်များ စိုက်ပျိုးခြင်းဆိုင်ရာ တို့ပါဝင်သည့်    ဆောင်ရွက်ရန် အချက် (၅) ချက်ကို  “ပုဂံဒေသ ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေး မူဘောင်”နှင့်အညီ    ပုဂံဒေသ စိုက်ပျိုးရေး မဟာဗျူဟာရေးဆွဲ ရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံ ယဉ်ကျေးမှုဒေသတွင် ရှေးဟောင်း စေတီ  အဆောက်အအုံများနှင့် အမွေအနှစ်များ ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဘုရား ပတ်လည်     ပေ ၃၀ အတွင်း ထွန်ယက်စိုက်ပျိုးခြင်း   မပြုရန်၊ စိုက်ပျိုးရန်    ခွင့်ပြုချက်ရရှိထား သော  မြေတွင်    ယာယီမှအပ အုတ်တံတိုင်း၊    ခြံစည်းရိုးများ ဆောက်လုပ်ခြင်း    မပြုလုပ်ရန်၊ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ရာ တွင် မြေပေါ်မှသာ သွယ်တန်းရန် နှင့် မြေအောက်ရေ ထုတ်ယူအသုံး ပြုခြင်းအား         လက်တလော ရေအခက်အခဲကို    ဖြေရှင်းရေး အတွက်သာ အသုံးပြုရန် စသည့် ကန့်သတ်ချက်များ ထုတ်ပြန်ထား ကြောင်း သိရသည်။ 


သတင်းစဉ်