
နေပြည်တော် စက်တင်ဘာ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် သတင်းစာရှင်းလင်းပွဲ အမှတ်စဉ် (၉/၂၀၂၁) သို့ တက်ရောက်လာကြသည့် ပြည်တွင်း/ ပြည်ပ သတင်းမီဒီယာများအား ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ Myanmar National Post ၊ Tomorrow ၊ Silent Talk ၊ လူထုရင်ဖွင့်သံ၊ Power ၊ VOA ၊ Fuji Television ၊ Asahi Shimbun ၊ AFP၊ Myanmar Public Press ၊ မြန်မာသံတော်ဆင့်၊ တဲ့ပြောသတင်းမီဒီယာ၊ MNP ၊ Sky Net ၊ Myanmar Hard Talk၊ သူရိယနေဝန်း၊ စံတော်ချိန်၊ New History For People ၊ Voice of Myanmar၊ 97 Media ၊ Eleven Media ၊ One News Agency ၊ Myanmar Nation ၊ Golden Hand ၊ Who News ၊ Up to Date၊ ပြည်ထောင်စုနေ့စဉ်၊ Xinhua တို့မှ သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။
လိုက်နာဆောင်ရွက်
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နိုင်ငံတော်၏ လက်ရှိအခြေအနေ၊ ပကတိအနေ အထား၊ မီဒီယာများ၏ အခန်း ကဏ္ဍ၊ နိုင်ငံတော်နှင့် ပြည်သူ အတွက် သတင်းမှန်ပြန်ကြားရေး လုပ်ဆောင်ပေးနိုင်မည့် အခြေ အနေ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သတင်းမီဒီယာများအား စတုတ္ထ မဏ္ဍိုင်အဖြစ် အလေးအနက်ထား မှု၊ နိုင်ငံပိုင်မီဒီယာ၊ ပုဂ္ဂလိက မီဒီယာများအနေဖြင့် နိုင်ငံတော် နှင့် ပြည်သူအကျိုးအတွက် လုပ်ကိုင် ဆောင်ရွက်ပေးနိုင်မှု၊ ပြည်သူအားလုံး လိုလားသည့် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုး တိုးတက်မှုတို့ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် အခြေ အနေ၊ သတင်းမီဒီယာ ဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ သတင်း မီဒီယာသမားများ၏ ရပိုင်ခွင့်များ၊ သတင်း မီဒီယာသမားများအနေ ဖြင့်လည်း စောင့်ထိန်းရမည့် မီဒီယာကျင့်ဝတ်အတိုင်း လိုက်နာ ဆောင်ရွက်ကြရန်၊ နိုင်ငံပိုင် မီဒီယာနှင့် ပုဂ္ဂလိကမီဒီယာများ အကြား အပြန်အလှန် နားလည် ယုံကြည်မှု၊ နိုင်ငံတော်နှင့် ပြည်သူအကျိုးကို ရှေးရှုဦးတည် သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ဆောင်နိုင်မည့် ကိစ္စရပ်များ၊ သတင်းမီဒီယာ ကိစ္စဆောင်ရွက် ရာတွင် အခက်အခဲနှင့် ကန့်သတ် ချက်များကို ကူညီဖြေရှင်းဆောင် ရွက်ပေးနိုင်မှု၊ သတင်းမီဒီယာ သမားများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးမှု၊ သတင်းမီဒီယာ သမားများအတွက် အချိန်မီ သတင်း ပြန်ကြားပေးနိုင်ရေး Viber Group ဖွဲ့ခြင်း၊ ပြောရေး ဆိုခွင့်ရှိသူထားရှိဆောင်ရွက်ပေးခြင်းတို့ကို ယခင်ကထက်တိုးမြှင့် ဆောင်ရွက်ပေးခြင်းသည် ပြည်သူ များ သတင်းမှန်ရရှိစေရန်၊ မဟုတ်မမှန်သည့် သတင်းများ၊ ကောလာဟလများ ဟန့်တားနိုင် မည်ဖြစ်ပြီး မီဒီယာကျင့်ဝတ်နှင့် အညီ ပါတီစွဲ ၊ ဝါဒစွဲမရှိဘဲ အဖြူ ရောင် သက်သက်ဆောင်ရွက် သွားရန်လိုကြောင်း၊ သတင်း မီဒီယာများ၏ အခက်အခဲများကို ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပြောကြားသည်။
ဖြည့်စွက်ဆွေးနွေး
ထို့နောက် တက်ရောက်လာ သည့် သတင်းမီဒီယာသမားများ က သတင်းအမှား စီးဆင်းမှုများ တားဆီးရေး၊ ပုဂ္ဂလိကမီဒီယာများ အားကောင်းစေရေး၊ သတင်းရယူ ရာတွင် ကြုံတွေ့ရသည့် အခက် အခဲများနှင့် သတင်းမီဒီယာ သမားများ အရည်အသွေးမြှင့်တင် ရေးတို့ကို ဆွေးနွေးပြောကြား ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့သည်။
သတင်းစဉ်