(၁၅) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ (15th AMMTC) ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

 

နေပြည်တော်   စက်တင်ဘာ   ၃၀


အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC)မဏ္ဍိုင်မှ (၁၅)ကြိမ်မြောက် အာဆီယံဝန်ကြီး အဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး(15th AMMTC) ၏ ဆက်စပ်အစည်း အဝေးများကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံက အိမ်ရှင် အဖြစ်ဦးဆောင်၍    ၂၀၂၁   ခုနှစ်   စက်တင်ဘာ     ၃၀ ရက်တွင်  ဗီဒီယိုကွန်ဖရင့်ဖြင့်   ဆက်လက်ကျင်းပ သည်။


အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက်  တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ AMMTC    ခေါင်းဆောင်/  ဝန်ကြီးအဆင့်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊   အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်နှင့်ရုံးအဖွဲ့များ   တက်ရောက် သည်။ မြန်မာနိုင်ငံမှ AMMTC ခေါင်းဆောင်၊ ပြည်ထဲ ရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး   ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်     အရာရှိကြီးများက    နေပြည်တော်ရှိ အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်သည်။ 


စွမ်းရည်မြှင့်တင်ရေး


အစည်းအဝေးများတွင် သမားရိုးကျမဟုတ်သော  လုံခြုံရေးကိစ္စရပ်များနှင့် အကြမ်းဖက်မှုတိုက်ဖျက် ရေးတွင် အစွန်းရောက်မှုများနှင့် အကြမ်းဖက်မှုကို  ငွေကြေးထောက်ပံ့မှုများတိုက်ဖျက်ရေး၊    ဆွေးနွေး ဖက်နိုင်ငံများမှ   စွမ်းရည်မြှင့်တင်ရေးကဏ္ဍတွင် ငွေကြေး၊     နည်းပညာနှင့်    လေ့ကျင့်ရေးဆိုင်ရာ ထောက်ပံ့အကူအညီပေးရေးအစီအစဉ်များ၊ ကိုဗစ်- ၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးတွင်    ဖြစ်နိုင်ခြေရှိသော   လုပ်ငန်း နယ်ပယ်များတွင်     ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 


အပြန်အလှန်အကူအညီပေးရေး


8th  AMMTC + China    ညှိနှိုင်းဆွေးနွေးမှု အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး   စိုးထွဋ်နှင့်   တရုတ်နိုင်ငံ   ပြည်သူ့ လုံခြုံရေးရာဝန်ကြီးဌာန  အမြဲတမ်းဒုတိယဝန်ကြီး မစ္စတာ    တုဟန်းဝေ တို့က    ပူးတွဲသဘာပတိများ အဖြစ်   ဆောင်ရွက်ခဲ့သည်။     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က  ဒေသတွင်း  သမားရိုးကျမဟုတ်သည့်   လုံခြုံရေး ကိစ္စရပ်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ် နိုင်ငံရှိ တရားဥပဒေစိုးမိုးရေး အာဏာပိုင်အဖွဲ့အစည်း များအကြား    ထိရောက်လျင်မြန်စွာ  ချိတ်ဆက် ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် Focal Point တစ်ခု ထူထောင်ရေးနှင့်  ပတ်သက်၍ ဆက်လက်  ဆွေးနွေး အကောင်အထည်ဖော်ရေး၊ ငွေကြေးခဝါချမှု နှင့် တရားမဝင် ငွေကြေးစီးဆင်းမှုများ တိုက်ဖျက်ရေး၊ တရားမဝင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်း ဝယ်မှုသည် အာဆီယံဒေသအပေါ် ထိခိုက်မှုရှိသည့် အတွက် နယ်စပ်ဒေသစီမံခန့်ခွဲရေး ပူးပေါင်းဆောင် ရွက်မှုများကို  ပိုမိုမြှင့်တင်  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊  အကြမ်းဖက်မှု၊   လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်ကူးမှုနှင့် ဆိုက်ဘာ မှုခင်းများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ် များစွာ ထိခိုက်မှုများဖြစ်ပေါ်နေ၍ တားဆီးနှိမ်နင်းရေးတွင် လုပ်ငန်းစွမ်းရည်မြင့်မားစေရေး၊    တရားစီရင်ရေး ဆိုင်ရာကဏ္ဍတွင် အပြန်အလှန်အကူအညီပေးရေး၊ မှုခင်းသတင်းအချက်အလက်    ဖလှယ်ရေးတို့တွင် နိုင်ငံအချင်းချင်းပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင် ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ 


ပူးပေါင်းဆောင်ရွက်သွားမည်


11th AMMTC + 3 (တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံ များ)အစည်းအဝေးတွင်  ဘရူနိုင်းနိုင်ငံ  ကာကွယ် ရေးဝန်ကြီးနှင့် နိုင်ငံတော်လုံခြုံရေးဗဟိုကော်မတီ ဥက္ကဋ္ဌ Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof က သဘာပတိအဖြစ် ဆောင်ရွက် သည်။ ယင်းအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ယခုအခါတွင် Telecom Fraud နှင့် Online Gambling  တို့သည်   နိုင်ငံတစ်နိုင်ငံထက်ပို၍ ဖြန့်ကြက်လာနေသည်ကို သတိပြုတွေ့ရှိရပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်း သဘောသဘာဝရှိလာသော Telecom Fraud,  Online  Gambling   တို့နှင့် ပတ်သက်၍   အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်   + ၃ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်   လိုအပ်ကြောင်း၊        နိုင်ငံခြားသား  အကြမ်းဖက်တိုက်ခိုက်ရေးသမားများအပါအဝင် အကြမ်းဖက်သမားများ၏        လှုပ်ရှားသွားလာမှုကို ကြိုတင်သိရှိ  ဟန့်တားနိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၃၉၆)  ပါ  တိုက်တွန်းပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါသဖြင့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများအနေဖြင့်        ကူညီပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း  လူပုဂ္ဂိုလ်ကိုယ်တိုင်    တက်ရောက်သည့်စနစ်ဖြင့် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်     လက်ခံကျင်းပမည့် 12th AJCTD ၌ ဆွေးနွေးမှုများပြုလုပ်နိုင်လိမ့်မည်ဟု မျှော်မှန်းထားပါကြောင်း၊ အာဆီယံ + ၃ လုပ်ငန်း နယ်ပယ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး  စီမံချက်များအောင်မြင်အောင် ဆက်လက်ပူးပေါင်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။


ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး


15th  AMMTC နှင့်  ဆွေးနွေးဖက်နိုင်ငံများ၏ ညှိနှိုင်းအစည်းအဝေးများတွင် 8th AMMTC + China, 6th AMMTC + Japan, 2nd AMMTC + Korea နှင့် 11th AMMTC + 3 (China, Japan, Korea) တို့၏ ဝန်ကြီးအဆင့် အစည်းအဝေးပူးတွဲကြေညာချက် များကို    အတည်ပြုခြင်း၊  နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးနယ်ပယ်တွင် တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံတို့၏ အကူအညီပေးရေးနှင့်  ပူးပေါင်းဆောင် ရွက်မည့်    လုပ်ငန်းအစီအမံများ၊    ရှေ့လုပ်ငန်းစဉ် များကို  ဆွေးနွေးအတည်ပြုခြင်းတို့    ဆောင်ရွက် သည်။ 


ထို့နောက်  အိမ်ရှင်  ဘရူနိုင်းဒါရူဆလမ်နိုင်ငံ AMMTC ခေါင်းဆောင်၊   ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံတော်လုံခြုံရေးဗဟိုကော်မတီဥက္ကဋ္ဌ       Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof နှင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင် အဖြစ် တာဝန်ယူကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ AMMTC    ခေါင်းဆောင်၊    ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး  ဆမ်ဒက်ကရိုလာဟွန်ဆာကျန် တို့က      အမှာစကားများပြောကြား၍      အစည်း အဝေးကို   ညနေပိုင်းတွင်  ရုပ်သိမ်းခဲ့ကြောင်း  သိရ သည်။


သတင်းစဉ်