ကော့သောင်းမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော်  စက်တင်ဘာ  ၃၀


ကိုဗစ်- ၁၉   ရောဂါ   ကာကွယ်၊   ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို   အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များကြောင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော် နှင့် စေတနာရှင် အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက် ရှိသည်။


ထို့သို့   ပေးအပ်လျက်ရှိရာ  ယနေ့တွင်  တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်း လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ     ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။                      

သတင်းစဉ်