မတ္တရာစကျင်ကျောက်ဆစ်လုပ်ငန်း ကိုဗစ်ကာလအရောင်းကျဆင်း

 

မတ္တရာ   စက်တင်ဘာ  ၂၉


စကျင်ကျောက်ဖြင့်  ထုဆစ်ထား သည့်   ဗုဒ္ဓရုပ်ပွားတော်များကို ကိုဗစ်ကာလအတွင်း   ပြည်တွင်း အလှူရှင်များအတွက်  အွန်လိုင်း စနစ်ဖြင့်      ရောင်းချပေးနေ ကြောင်း  မန္တလေးတိုင်းဒေသကြီး  မတ္တရာမြို့နယ်    စကျင်ကျေးရွာမှ ကျောက်ဆစ်        လုပ်ငန်းရှင် ဦးစိုးဝင်းက ပြောသည်။ 


“ရောင်းအားတွေ     ကတော့ အရင်နှစ်တွေ         ထက်စာရင် ကျဆင်းနေပါတယ်။    ကိုဗစ် ကူးစက်      ပြန့်ပွားမှုတွေကြောင့်  ထုဆစ်ပြီး  ရုပ်ပွားတော်များကို အွန်လိုင်းစနစ်နဲ့        ပြည်တွင်း အလှူရှင်တွေကို  ရောင်းချပါတယ်။ အွန်လိုင်းကတစ်ဆင့်   မှာယူသူ တွေလည်း   ရှိပါတယ်။  အရင်က တော့ သီးနှံပေါ်ချိန်ဆို ရောင်းအား တက်ပါတယ်။  အလှူအတန်းပေါ များတယ်။   ကိုဗစ်-၁၉   ရောဂါ အခြေအနေကောင်းပြီး   သွားလာ ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ရင် တော့ အဆင်ပြေမယ်လို့ ယုံကြည် ပါတယ်”ဟု ၎င်းက ပြောသည်။


စကျင်ကျောက်ဆစ်  ဗုဒ္ဓရုပ် ပွားတော်များကို   ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်မှ ယနေ့အထိ အွန်လိုင်းစနစ်ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ကာ    အလွန်တွင်ကျယ်စွာ တင်ပို့ရောင်းချရခြင်း    မရှိသော် လည်း မှာယူသူများ  အသင့်အတင့် ရှိနေသည့်အတွက် လုပ်ငန်းရှင်နှင့် ကျောက်ဆစ်လုပ်သားများ အလုပ် အကိုင်    အဆင်ပြေနေခြင်းဖြစ် ကြောင်း သိရသည်။


မင်းထက်အောင် (မန်းကိုယ်ပွား)