
နေပြည်တော် စက်တင်ဘာ ၂၉
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ် ရေး အထောက်အကူပြုပစ္စည်း များကို ထောက်ပံ့လှူဒါန်းလျက် ရှိသည်။
ထို့သို့ ပေးအပ်လျက်ရှိရာ စက်တင်ဘာ ၂၇ ရက်နှင့် ယနေ့ တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့၊ မိုင်းယောင်းမြို့နှင့် မိုင်းယုမြို့များရှိ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အတွက် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများနှင့် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများကို တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များက လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများကလည်းကောင်း သွားရောက်ပေးအပ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်