ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   စက်တင်ဘာ   ၂၉ 


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား  ရေကြောင်း၊   လေကြောင်း၊   ဆိပ်ကမ်း၊     နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ  စစ်ဆေးထုတ်ပေး လျက်ရှိသည်။  


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်


ထိုသို့ထုတ်ပေးရာတွင် စက်တင်ဘာ ၂၉ ရက်၌ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင်  ကုမ္ပဏီခြောက်ခုမှ   Vitamin C Tablets  ၅၂၆၉ ခု၊ Rapivast Tablet  ၁၉၉၁ ခု၊ Cholecalciferol Chewable Tablet  ၁၁၈ ခု၊ Urixokind Tablet  ၃၄ ခု၊  Cardivas Tablet  ၅၀၄၀၊  Mono-trate OD Tablet  ၁၉၉၅ ခု၊ Delsia  Tablets ၄၀၄၆ ခု၊  Dronis Tablet ၂၉၁၂ ခု၊ Zefopenam Powder  For  InJ: ၅၀၄၀။


ရန်ကုန်ဆိပ်ကမ်းများ


ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Mask ၂၇၀၀၊ Oxygen Cylinder ၁၈၉၂ ခု၊ Nasal Cannula  ၆၅၀၀၊   Oxygen  Plant  သုံးခု၊  Oxygen Regulator ၂၃၇၀၊ Oxygen Concentrator ၂၈၀ နှင့်  ဆေးဝါးမျိုးစုံ ၁၁၁ မျိုး ၂၃၉၂၅၄.၁၆၇ Kg ။


နယ်စပ် (မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ) တွင် ကုမ္ပဏီ ၁၀ ခုတို့မှ   Oxygen Concentrator  ၁၂၁ ခု၊ Mask ၃၄၅၁.၅ Kg၊ Liquid Oxygen ၁၄၅၄၀.၂၃ m3၊ Oxygen Plant လေးခု၊ Isolation Gown ၁၀၇၅ Kg၊ Face Shield ၅၅၉ Kg၊ Goggle ၆၂၀၀  တို့ကို ထုတ်ပေးခဲ့ကြောင်း  သတင်းရရှိသည်။                  

သတင်းစဉ်