Core Banking System ကို အသုံးပြုနိုင်ခြင်းဖြင့် ဘဏ်လုပ်ငန်းများအားလုံး အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးနိုင် Customer များအနေဖြင့် ဘဏ်သို့လာရောက်ရန် မလိုအပ်ဘဲ ဘဏ်ဝန်ဆောင်မှုများကို ၂၄ နာရီ အချိန်မရွေး၊ နေရာမရွေး ရယူနိုင်မည်

ရန်ကုန် စက်တင်ဘာ ၂၈


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ Core Banking and Trade Finance နှင့် Enterprise Resource Planning (ERP) system တို့ကို စတင်အသုံးပြုခြင်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁  နာရီက ရန်ကုန်မြို့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (ရုံးချုပ်) အစည်း အဝေးခန်းမ၌ Virtual စနစ်ဖြင့်  ကျင်းပသည်။


တက်ရောက်


အဆိုပါ အခမ်းအနားသို့  စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်း နှင့် ဒေါ်သန်းသန်းလင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထား သော ဧည့်သည်တော်များက နေပြည်တော်မှ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။


အခမ်းအနားတွင်     ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က  Video Clip ဖြင့်  အဖွင့်အမှာစကား ပြောကြားရာတွင်  ယခုအခါတွင်  တစ်ကမ္ဘာလုံး၌ နည်းပညာဗဟိုပြုပြီး  လုပ်ငန်းဆောင်ရွက်နေကြ သဖြင့်    မိမိတို့အနေဖြင့်လည်း IT  နည်းပညာကို ထိရောက်စွာ အသုံးပြုဆောင်ရွက်နိုင်ရန် လိုအပ်ပါ ကြောင်း၊  သို့မှသာ ဘဏ်လုပ်ငန်းနှင့် ငွေကြေးစီးဆင်း ရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် သမားရိုးကျ ဘဏ်လုပ်ငန်းစနစ်များ အစား နိုင်ငံတကာအဆင့်မီ ဘဏ်လုပ်ငန်းစနစ်များသို့ ပြောင်းလဲနိုင်ရန်  အစိုးရ၊  ပုဂ္ဂလိကကဏ္ဍပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ ပိုင်ဘဏ်များအနေဖြင့် Digital Transformation နှင့် Business Process Transformation တို့ကို စဉ်ဆက်မပြတ်    ဆောင်ရွက်စေရေးအတွက်     စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တိုက်တွန်း အားပေးဆောင်ရွက်လျက်ရှိကြောင်း၊      ယင်းသို့ တွန်းအားပေးဆောင်ရွက်ခြင်း၏ ရလဒ်တစ်ခုအဖြစ် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်အနေဖြင့် Digital Transformation ၏ အဆင့်တစ်ခုကို အောင်မြင်စွာ ရောက်ရှိ     မှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ Banking 4.0 အကောင်အထည်ဖော်ရေး ဆောင်ရွက် ကြသည့်အချိန်တွင် အရေးပါဆုံးအခြေခံစနစ်သည် Core   Banking   System     ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်း    ဆောင်ရွက်ရာတွင်    နည်းပညာ၊ ကျွမ်းကျင်မှုများကို အသုံးပြုပြီး ငွေသားကိုင်ဆောင် အသုံးပြုရသည့်စနစ် Cash Based System မှ ကတ် အခြေခံစနစ် Card Based System၊ ထိုမှတစ်ဆင့် ကတ်အသုံးပြုရန်မလိုသည့်စနစ် Card Less System စသည်ဖြင့်   ငွေကြေးလွှဲပြောင်းမှု   ကိစ္စရပ်များအား လုံခြုံလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် Digital Banking System  များအား       တွင်ကျယ်စွာ ဆောင်ရွက်လာခဲ့ကြသည်ကို    တွေ့မြင်ရကြောင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်အနေဖြင့် ကမ္ဘာ အဆင့်မီ Digital Core Banking တစ်ခုဖြစ်သည့် Intellect Digital Core 19.1 ကို    အောင်မြင်စွာ အကောင်အထည်ဖော်ပြီး ဖြစ်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အဆိုပါစနစ်အား အခြေခံပြီး  ပြည်သူလူထုနှင့်  စီးပွားရေးလုပ်ငန်း များအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ တိုးချဲ့ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဘဏ်တွင်းစီမံခန့်ခွဲမှုများနှင့် Operation Manage- ment အတွက် Enterprise Resource Planning (ERP) စနစ်တစ်ခုကိုလည်း     တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်ခဲ့ပြီး   အဆိုပါစနစ်သည်   မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ Office Automation၊ Operation Management နှင့် Risk Management တို့ကို    ပိုမိုကောင်းမွန်ထိရောက်စွာ   ဆောင်ရွက် နိုင်စေမည်ဖြစ်ကြောင်း၊ မကြာတော့သည့်အချိန်တွင် ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများ အချိန်ပြည့် ဝန်ဆောင်မှုပေးနိုင်မည့် Internet Banking ၊ Mobile Banking စနစ်များကိုလည်း     ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဟု သိရှိရသည့်အတွက် ဝမ်းသာ ဂုဏ်ယူပါကြောင်း ပြောကြားသည်။


ယင်းနောက် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီက နှုတ်ခွန်း ဆက်စကားပြောကြားပြီး မြန်မာ့နိုင်ငံခြားကုန်သွယ် မှုဘဏ်၏ Digital Transformation Journey Video၊ Core Banking and Trade Finance နှင့် Enterprise Resource Planning (ERP) system ၏ လုပ်ငန်း ဆောင်ရွက်ပုံကို ဗီဒီယိုဖြင့် ပြသသည်။


ဆောင်ရွက်ပေးလျက်ရှိ 


မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံပိုင် ဘဏ်တစ်ဘဏ်ဖြစ်ပြီး    မြန်မာနိုင်ငံတော်   ငွေရေး ကြေးရေးအဖွဲ့အစည်းများဥပဒေအရ    ဖွဲ့စည်း တည်ထောင်သည့်ဘဏ်  ဖြစ်သည်။  အပြည်ပြည် ဆိုင်ရာဘဏ်လုပ်ငန်း၊ ပြည်တွင်းဘဏ်လုပ်ငန်းနှင့် ATM Card Services ဝန်ဆောင်မှု     စသောဘဏ် လုပ်ငန်းနှင့်       ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။


ယခုကဲ့သို့ Core Banking System ကို အသုံးပြု နိုင်ခြင်းဖြင့် ဘဏ်လုပ်ငန်းများအားလုံး အချိန်နှင့် တစ်ပြေးညီ Real–Time ဝန်ဆောင်မှုပေးနိုင်ခြင်း ကြောင့် Customer များအနေဖြင့် ပိုမိုအဆင်ပြေ မြန်ဆန်သည့် ဘဏ်ဝန်ဆောင်မှုများကို ရရှိလာမည် ဖြစ်ပြီး ဘဏ္ဍာရေးဝန်ဆောင်မှုများအား ယခုထက် ပိုမိုလွယ်ကူလျင်မြန်စွာနှင့်       လုံခြုံစိတ်ချစွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။


ဘဏ်သို့လာရောက်ရန် မလို


မကြာမီအချိန်အတွင်း Internet Banking၊ Mobile Banking ဝန်ဆောင်မှုများကိုလည်း Core Banking System နှင့်ချိတ်ဆက်၍ ဝန်ဆောင်မှုပေးလာနိုင်မည်ဖြစ်ပြီး Bill Payment ဝန်ဆောင်မှုများ၊ အခွန်ငွေပေးဆောင်ခြင်း    စသည့်ဝန်ဆောင်မှုများ ကိုလည်း    ရရှိလာမည်ဖြစ်၍    Customer များ အနေဖြင့်   ဘဏ်သို့လာရောက်ရန်   မလိုအပ်ဘဲ ဘဏ်ဝန်ဆောင်မှုများကို ၂၄ နာရီ အချိန်မရွေး၊ နေရာ မရွေး ရယူနိုင်မည်ဖြစ်သည်။


သို့ဖြစ်ရာ နိုင်ငံပိုင်ဘဏ်တစ်ဘဏ်အနေဖြင့် Core Banking System ကို   အောင်မြင်စွာ   စတင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


 သတင်းစဉ်