သက်သာသောဈေးနှုန်းဖြင့်  စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုအစီအစဉ် ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ  ၂၈ 


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံ  ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင် များအသင်းတို့   ပူးပေါင်းစီစဉ်မှုဖြင့်   စားသုံးသူ ပြည်သူများ  သက်သာသောဈေးနှုန်းဖြင့်  ဝယ်ယူ ရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲ နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ ဖြင့်   မှာယူတင်သွင်းခဲ့သည့်   စားအုန်းဆီများကို စက်တင်ဘာ ၂၀  ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး ၊  မန္တလေးတိုင်း ဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ အတွက် စားအုန်းဆီ ပိဿာ ၃၀၂၆၆၅၀ ၊ တန်ချိန် ၄၉၄၆ တန် ရောင်းချခဲ့ပြီးဖြစ်သည်။ 
ရန်ကုန်မြို့အတွင်းရှိ      စားသုံးသူများအတွက် အသင်း၏             
အစီအစဉ်ဖြင့်   ရပ်ကွက်များသို့    ဈေးကား များဖြင့်      လှည့်လည်ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကားဝယ်ယူရောင်းချ သူများအနေဖြင့် လက်လီအရောင်းဆိုင်များ တွင် အသားတင်အကျိုးအမြတ် (၂ ရာခိုင်နှုန်း) ထက် မပိုသည့်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူ များသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချသွားရမည် ဖြစ်ကြောင်းနှင့်   စားသုံးသူပြည်သူများသို့ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချပေးမည့် လုပ်ငန်းရှင်များအနေဖြင့်       မြန်မာနိုင်ငံ ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်း၊ အမှတ်(၁၀၄/၁၀၈)ကမ်းနားလမ်း၊ လွတ်လပ် ရေးရပ်ကွက်     (ဆင်မင်းအိမ်ရာဓမ္မာရုံရှေ့) အလုံမြို့နယ်၊  ဖုန်းအမှတ်၊ ၀၉-၄၄၄၄၃၇၂၉၅၊ ၀၉-၄၀၁၅၂၇၀၄၉နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန    ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈  တို့သို့  ဆက်သွယ်ဝယ်ယူ   နိုင်ကြောင်း သိရသည်။               သတင်းစဉ်