သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအစီအစဉ် ဆက်လက်ဆောင်ရွက်  စက်တင်ဘာ ၂၇ ရက်အထိ ဆီတန်ချိန် ၄၃၃၆ တန် ရောင်းချပြီးဖြစ်


 

နေပြည်တော် စက်တင်ဘာ ၂၇


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံ ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ  သက်သာသော  ဈေးနှုန်းဖြင့်  ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချ ပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက်ရှိရာ စက်တင်ဘာ ၂၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်တို့အတွက် စားအုန်းဆီ ပိဿာ ၂၆၅၃၂၀၀ (တန်ချိန် ၄၃၃၆) တန်ရောင်းချခဲ့ပြီး ဖြစ်သည်။ 
ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက်အသင်း၏ အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း  ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း၊   စားအုန်းဆီများကို  လက်ကား  ဝယ်ယူရောင်းချ သူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင်အကျိုး အမြတ် (၂ ရာခိုင်နှုန်း)ထက် မပိုသည့်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ သို့   ပြန်လည်ဖြန့်ဖြူး   ရောင်းချရမည်ဖြစ်ကြောင်းနှင့်    စားသုံးသူ ပြည်သူများသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးမည့် လုပ်ငန်း ရှင်များအနေဖြင့်    မြန်မာနိုင်ငံဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များ အသင်း၊ အမှတ်(၁၀၄/၁၀၈)ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ရာ ဓမ္မာရုံရှေ့) အလုံမြို့နယ် ဖုန်း- ၀၉-၄၄၄၄၃၇၂၉၅၊ ၀၉-၄၀၁၅၂၇၀၄၉နှင့်  ရန်ကုန်တိုင်းဒေသကြီး၊  စားသုံးသူရေးရာ ဦးစီးဌာန ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင် ကြောင်း သိရသည်။     
                                              သတင်းစဉ်