
နေပြည်တော် စက်တင်ဘာ ၂၇
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေး တကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီ ဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် ဆိပ်ကမ်းများနှင့် မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ နှစ်ခုမှ ယာဉ်စီးရေ သုံးစီး ဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်နှစ်စီးဖြင့် တန် ၄၀၊ အောက်ဆီဂျင် (အိုးခွံ) ၅၃၀၉ ခု၊ Oxygen Plant ငါးခု၊ လက်အိတ် ကိုးတန်နှင့် နှာခေါင်းစည်း (Mask) ရှစ်တန် တင်သွင်း ခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ်နှစ်စီးမှာ ရန်ကုန် မြို့နှင့် မုံရွာမြို့တို့သို့ တစ်စီးစီ ဖြစ်ပြီး Oxygen Plant ငါးခုမှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရ သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာန များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသလို အကူအညီလိုအပ်ပါ ကလည်း သက်ဆိုင်ရာ တာဝန်ရှိ သူများထံ တိုက်ရိုက်ဆက်သွယ် နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များ ကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင် ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်