ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုအား ကြည့်ရှုအားပေး

နေပြည်တော်  စက်တင်ဘာ  ၂၆


ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ Fever surveillance ပြုလုပ်ခြင်းတို့ကို ယနေ့တွင် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များနှင့်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ကြသည်။


နှာခေါင်းစည်းများ ဖြန့်ဝေ


ထိုသို့ဆောင်ရွက်ရာသို့    နေပြည်တော်ကောင်စီဥက္ကဋ္ဌ    ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် နေထိုင်ကြသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်း ၂၀၁၀ ကို  ကိုဗစ်-၁၉ ရောဂါပိုး  ရှိ၊ မရှိ စစ်ဆေးပေးနေမှုကို  သွားရောက်ကြည့်ရှုအားပေးပြီး ကိုဗစ်- ၁၉ ရောဂါပိုး ရှိ၊ မရှိ လာရောက်စစ်ဆေးကြသည့် ဝန်ထမ်းများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးကာ ရင်းရင်းနှီနှီး အားပေးစကားပြောကြားသည်။                                                              

   သတင်းစဉ်