တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  စက်တင်ဘာ  ၂၆


ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင်  ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ  ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိသည်။


ထိုသို့   ဆောင်ရွက်လျက်ရှိရာ    သံဃာတော် များ၊   သာသနာ့နွယ်ဝင်သီလရှင်များ ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊    အကျဉ်းသူများ၊    မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊   နာတာရှည် ရောဂါအခံရှိသူများ၊   ကယ်ဆယ်ရေးစခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများရှိ       ပြည်သူများ စသည့်  ဦးတည်အုပ်စု ၁၆ စု သတ်မှတ်၍ ကိုဗစ်-၁၉  ရောဂါ     ကာကွယ်ဆေးများကို    နေ့စဉ်ထိုးနှံပေး လျက်ရှိသည်။   ယနေ့တွင်လည်း    ရှမ်းပြည်နယ် (မြောက်ပိုင်း)  သီပေါမြို့နယ်၌  ၂၇၀၊  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့၌  ၁၅၇၅  ဦး၊   တနင်္သာရီတိုင်း ဒေသကြီး  ပလောက်မြို့နယ်၌ ၉၁၉ ဦး၊  ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ်တို့၌ ၁၅၀၀၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၅ မြို့နယ်တို့၌ ၁၁၂၄၁ ဦး၊    ရခိုင်ပြည်နယ်     စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီ ၂၈၄ ဦး၊  ရခိုင် ပြည်နယ်နှင့်     ချင်းပြည်နယ်အတွင်းရှိ    မြို့နယ် ၁၁ မြို့နယ်တို့၌ ၁၇၁၆၄ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ     ခရိုင်ခုနစ်ခုတို့၌   ၈၃၅၂ ဦးနှင့်    ပဲခူး တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် ငါးမြို့နယ် တို့၌ ၅၆၅၀ တို့ကို   တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊  သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ      တိုင်းစစ်ဌာနချုပ်များမှ    တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း   သတင်းရရှိ သည်။                      

သတင်းစဉ်