
နေပြည်တော် စက်တင်ဘာ ၂၆
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်း များ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေး မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက်များနှင့် လယ်ဝေးမြို့ ဘိုးဘွား ရိပ်သာသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် ၁၂၆၀၀၀၀၀၊ ဆန် ၄၇၉ အိတ် ရှစ်ပြည်၊ ဆီပိဿာ ၁၄၉ ဒသမ ၂၀၊ ပဲ ၁၄၉၂ ပိဿာ၊ ဆား ၁၄၉၂ ပိဿာ၊ လက်သန့် ဆေးရည် ၁၅၁၂ ဘူး၊ လက်ဆေးဆပ်ပြာ ၂၅၂ ဘူးနှင့် ဆေးမျိုးစုံ ၁၅၂၄ ဘူးတို့ကို နေပြည်တော်တိုင်း စစ်ဌာနချုပ် လယ်ဝေးတပ်နယ်မှ တာဝန်ရှိသူများက ပေါက်မြိုင်ကျောင်းတိုက်သို့ သွားရောက်၍ ဆရာ တော် ဘဒ္ဒန္တဇာနေယ အမှူးပြုသော သံဃာတော် များထံ ဆက်ကပ်လှူဒါန်းသည်။ထို့နောက် နယ်မြေခံတပ်မတော်သားများက သက်ဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းများသို့ လိုက်လံပို့ဆောင်၍ ဆက်ကပ်လှူဒါန်းပေးသည်။
အလားတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တော်တိုက်ရပ်ကွက်ရှိ တောတိုက် ဓမ္မရိပ်သာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော် များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို ရန်ကုန်တိုင်းစစ်ဌာန ချုပ် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်