ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၂၆


နိုင်ငံတော်အတွင်း၌  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့်   အောက် ဆီဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်    ဆေးဝါးနှင့်  ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ   ရုံးပိတ်ရက်များ တွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး      ဝန်ကြီးဌာနမှ  ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင်  မူဆယ်၊   ချင်းရွှေဟော်နှင့် မြဝတီ ကုန်သွယ်ရေးစခန်း  သုံးခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီသုံးခုမှ ယာဉ်စီးရေ ၁၂ စီးဖြင့် အောက်ဆီ ဂျင်(အရည်)    Bowser  ယာဉ် တစ်စီးဖြင့် တန် ၂၀ နှင့် နှာခေါင်း စည်း(Mask)  ၈၈ တန်  တင်သွင်း ခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန် မြို့သို့ ဖြစ်ကြောင်း သိရသည်။


ကိုဗစ်-၁၉    ကူးစက်ရောဂါ ကာကွယ်ကုသရေး   ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်  နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသလို    အကူအညီလိုအပ်ပါက လည်း   သက်ဆိုင်ရာ တာဝန်ရှိ သူများထံ တိုက်ရိုက်ဆက်သွယ် နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်    မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များ ကိုလည်း  ဝန်ကြီးဌာန  Website ဖြစ်သည့် commerce.gov.mm တွင်      ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။                

သတင်းစဉ်