
နေပြည်တော် စက်တင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့် ဆောင်ရွက်ခြင်း၊ Fever surveillance ပြုလုပ်ခြင်း တို့ကို ယနေ့တွင် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် နေထိုင်ကြသော ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်း ၂၀၁၀ အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ လာရောက် စစ်ဆေးကြသည့် ဝန်ထမ်းများကို နှာခေါင်းစည်း များ ဖြန့်ဝေပေးကာ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားကြောင်း သိရသည်။
သတင်းစဉ်