ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များအတွက် ဆွမ်းဆန်နှင့် စားသုံးကုန်များ ဆက်ကပ်လှူဒါန်း

 

တောင်ငူ   စက်တင်ဘာ   ၂၆


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ်  ထိန်ဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊  တာဝန်ရှိသူ များနှင့်အတူ   ယမန်နေ့နံနက်ပိုင်းက    တောင်ငူမြို့   ကြာနီကန်  ပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ တောင်ငူမြို့ရှိ ပရိယတ္တိစာသင်တိုက်     လေးတိုက်နှင့်   သီလရှင်စာသင်တိုက် တစ်တိုက်တို့အတွက် ဆွမ်း ဆန် ၆၃ အိတ်၊ ဆီ ၁၅၇  ပိဿာ၊ ပဲ ၁၅၇ ပိဿာ၊ ဆား ၁၅၇ ပိဿာ၊ ကျန်းမာရေးသုံး   အထောက် အကူပြုပစ္စည်းများနှင့် နဝကမ္မအလှူငွေကျပ် ငါးသိန်း တို့ကို    ဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော်များအား     နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြသည်။


ဆက်လက်၍   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ငူမြို့ မိုင်ဒါကွင်း၌ ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တည်ဆောက်ပေးထား သည့် Oxygen Plant အား ကြည့်ရှုစစ်ဆေးပြီး စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေကျပ် ငါးသိန်း၊ ကိုဗစ်-၁၉   ကာကွယ်ရေးအသိပညာပေး    တီရှပ် အထည် ၂၀ နှင့် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ 


ထို့နောက် နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ကျန်းမာရေးဝန်ထမ်း  များနှင့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေကျပ် ၁၀ သိန်းနှင့် ကျန်းမာရေးအထောက်အကူ ပြုပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ငူမြို့တွင်း လမ်းများပြင်ဆင်နေမှု နှင့်    တောင်ငူကျုံးဟောင်း   ပြန်လည်ပြုပြင်မွမ်းမံ နေမှုကို   လည်းကောင်း၊   တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်ရန် မြေနေရာလျာထားမှု အခြေအနေ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျောက်တံခါး မြို့နယ် မြို့ချောင်းကျေးရွာ ရွာသစ်လမ်း အဆင့်မြှင့် တင်ခြင်း ဆောင်ရွက်ပေးနိုင်ရန်  တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်