
သီပေါ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ် ပေါ်ကြိုကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ပေါ်ကြို ဘုရားကြီး ဂေါပကအဖွဲ့သည် မြို့နယ်သံဃနာယက အဖွဲ့ ဆရာတော်၊ သံဃာတော်များ၏ ဩဝါဒကိုခံယူကာ ဘုရားကြီး ဘက်စုံပြုပြင်မှု လုပ်ငန်းများကို ရှေးမူရှေးဟန်မပျက် ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပေါ်ကြိုဘုရားကြီး ဂန္ဓကုဋိတိုက် အတွင်းရှိ မုဋ္ဌောစေတီတော်မြတ် ၏ ရွှေထီးတော်အား ရောင်တော် ဖွင့်ရန်အတွက် ထီးတော် ပင့်ဆောင်ခြင်း မင်္ဂလာအခမ်း အနားကို ယနေ့နံနက်ပိုင်းက ဘုရားကြီးအရှေ့မုခ်ဦး၌ ကျင်းပ ရာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တမိလိန္ဒ အရှင်သူမြတ်နှင့် ဆရာတော် သံဃာတော်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင် စိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ပေါ်ကြို ဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးဆန် စိုင်းသာညွန့်နှင့် ဂေါပကအဖွဲ့ဝင် များ၊ အလှူရှင်များ တက်ရောက် ကြသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယ က ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာ တရားတော်နှင့် ငါးပါးသီလ ခံယူဆောက်တည် ကြပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို ဂေါပကဥက္ကဋ္ဌက တင်ပြလျှောက်ထားသည်။
ထို့နောက် အမှတ်(၁) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်နှင့် တပ်ရင်း များမှ အရာရှိစစ်သည် မိသားစု များက ဘက်စုံပြုပြင်မွမ်းမံရေး မဟာသာသနာ့ ဗိမာန်တော် အတွက် အလှူငွေကျပ် ၃၅ သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ ဥက္ကဋ္ဌတို့ထံ ပေးအပ်လှူဒါန်း သည်။
စိုင်း(သီပေါ)