(၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ဆက်စပ်ကျင်းပသည့် အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ

CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်း

နေပြည်တော်   စက်တင်ဘာ   ၂၃


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ တွင်  (၇၆)ကြိမ်မြောက်    ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဆက်စပ်ကျင်းပ သည့် အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန   နေပြည်တော်မှ   ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်   ပါဝင်တက်ရောက်ခဲ့ သည်။
တက်ရောက်


အစည်းအဝေးကို      အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno L.P. Marsudi နှင့်     အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ပူးတွဲဥက္ကဋ္ဌများ အဖြစ်    တာဝန်ယူခဲ့ကြပြီး   အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၊      အာဆီယံ အတွင်းရေးမှူးချုပ်နှင့်   အာဆီယံနှင့် အမေရိကန်တို့မှ   ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။    


အစည်းအဝေးတွင်      ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး၊  အာဆီယံ-အမေရိကန်    ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။  ပြည်ထောင်စု ဝန်ကြီး  ဦးဝဏ္ဏမောင်လွင်က  ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးတွင်   နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုကို     မြှင့်တင်ရန် အရေးကြီးကြောင်း၊     အာဆီယံ၏ ကိုဗစ်-၁၉     ကာကွယ်တိုက်ဖျက်ရေး ကြိုးပမ်းမှုတွင်    အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအပေါ်  ကျေးဇူး တင်ကြောင်း၊   အကူအညီများ  ထပ်မံ ပေးအပ်သွားရန် တိုက်တွန်းကြောင်းနှင့် အာဆီယံပေါင်းစည်းရေး  ဦးဆောင်ဦးရွက် ပြုမှုအစီအစဉ်(IAI)ကိုလည်း ဆက်လက် ကူညီပံ့ပိုးသွားရန် တိုက်တွန်းပြောကြား ခဲ့သည်။ 


မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတွင်း လုံခြုံရေးအခြေအနေ၊    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်    မြန်မာနိုင်ငံပြည်သူလူထု အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ     ပေးအပ်ရေးအတွက် အာဆီယံနှင့်   ပူးပေါင်းဆောင်ရွက်နေမှု အပါအဝင်  အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၏     သဘောတူညီချက် (၅)ချက်အား    အကောင်အထည်ဖော် ဆောင်ရွက်နေမှု    အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။


တရားဝင်မှုမရှိ


CRPH နှင့် NUG တို့မှ ကျူးလွန် လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် ပြည်ထောင်စုဝန်ကြီးက အမေရိကန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကို တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများတွင် ယင်းအဖွဲ့များမှ    ကိုယ်စားလှယ်များ ကိုယ်စားပြုမှု     လုပ်ဆောင်မှုများသည် တရားဝင်မှုမရှိကြောင်းနှင့်  လက်မခံနိုင် ကြောင်း ပြောကြားခဲ့သည်။


အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်