
တာချီလိတ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုအတွင်း တောင်ပေါ် တိုင်းရင်းသားကျေးရွာ ရှစ်ရွာရှိ အိမ်ထောင်စု ပေါင်း ၁၂၀၀ အတွက် အခြေခံစားသောက် ကုန်များကို မိုးမိသားစုကုမ္ပဏီနှင့် ရွှေမိုင်းဟဲ မိသားစုတို့က စက်တင်ဘာ ၂၂ ရက်တွင် တတိယအကြိမ်အဖြစ် သွားရောက်လှူဒါန်း သည်။
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားဝတ် နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရ သော တောင်ပေါ်နေ တိုင်းရင်းသား လားဟူ၊ အာခါ၊ ပလောင်နှင့် ရှမ်းလူမျိုးအများစု နေထိုင် သည့်ရွာများမှ အိမ်ထောင်စု ၁၂၀၀ အတွက် တစ်အိမ်ထောင်လျှင် ထိုင်းဘတ်ငွေ ၂၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် အခြား အခြေခံ စားသောက်ကုန်ပစ္စည်းများကို အလှူရှင်မိသားစုများက တတိယအကြိမ် ပေးအပ်လှူဒါန်းခြင်းဖြစ်သည်။
အဆိုပါ အလှူရှင်မိသားစုများသည် တာချီလိတ်မြို့နယ်ထဲမှ တောင်ပေါ်တိုင်းရင်း သားကျေးရွာများသို့ ပထမအကြိမ်အဖြစ် စက်တင်ဘာ ၁၇ ရက်က ၂၇ ရွာ၊ ဒုတိယအကြိမ် အဖြစ် ၂၄ ရွာကို လှူဒါန်းခဲ့ပြီး ယနေ့လှူဒါန်း သည့် ရှစ်ရွာ အပါအဝင် စုစုပေါင်း ၅၉ ရွာကို လှူဒါန်းခဲ့ပြီးဖြစ်ကာ ဆက်လက်ထောက်ပံ့ လှူဒါန်းသွားရန်လည်း စီစဉ်ထားကြောင်း ကုမ္ပဏီမှတာဝန်ရှိသူ ဦးကျာနူးထံကသိရသည်။
ယာဆေး(ပြန်/ဆက်)