
တာချီလိတ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီ လိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည် ရေးတံတားအမှတ်(၂)နှင့် ဝမ်ပုံ ဆိပ်ကမ်းမှတစ်ဆင့် ပြန်ဝင်လာ ကြသည့် ထိုင်းနိုင်ငံနှင့် လာအို နိုင်ငံများမှ နေရပ်ပြန်ပြည်သူ ၁၆၈ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သဖြင့် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မော်တော်ယာဉ် များဖြင့် ပြန်လည်ပို့ဆောင်ပေး ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူ များသည် စက်တင်ဘာ ၁၈ ရက် က လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံများမှ လွှဲပြောင်းပေးလာသည့် နေရပ် ပြန်ပြည်သူများဖြစ်ပြီး ၎င်းတို့အား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/ မရှိ RDT ဖြင့် ပထမအကြိမ် စစ်ဆေးခဲ့ပြီး ဝမ်လုံးစင်တာတွင် အသွားအလာ ကန်သတ် စောင့်ကြည့်ထား၍ တတိယမြောက်နေ့တွင် နှာခေါင်း နှင့် အာခေါင်တို့ဖတ်ဓာတ်ခွဲ နမူနာများရယူကာ တောင်ကြီး မြို့သို့ ပို့ဆောင်၍ ဒုတိယအကြိမ် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေး ချက်အဖြေအရ နေရပ်ပြန်ပြည်သူ ၆၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည်။ အဆိုပါ ပိုးတွေ့ရှိသူ များကို ဝမ်လုံးကုသရေးစင်တာ တွင် ဆက်လက်၍ သီးခြားထား ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဒုတိယအကြိမ် ကျန်းမာရေးစစ်ဆေးမှုများ ပြု လုပ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သူအမျိုးသား ၁၁၇ ဦးနှင့် အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၁၆၈ ဦးအား စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး မင်းမင်းထွန်း၊ တာချီလိတ် မြို့ရှိ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ စိစစ် လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူ များက နေရပ်ပြန်ပြည်သူများကို အစားအသောက်များ ဝေငှပေး ခြင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ သက်ဆိုင်ရာ နေရပ်ဒေသများသို့ မော်တော်ယာဉ်များ စီစဉ်ပေးပြီး အခမဲ့ပို့ဆောင်ပေးကြောင်း သိရ သည်။
ယာဆေး(ပြန်/ဆက်)