
ခင်ဦး စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦး မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ ၂၃ ရက်ထိ မိုးစပါးစိုက်ဧက ၁၀၀၀၀ကျော် ရေနစ်မြုပ်လျက်ရှိ ကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် စက်တင် ဘာ ၂၁ ရက်က ရွာသွန်းသော မိုးရေချိန်မှာ ၃ ဒသမ ၀၈ လက်မ ရွာသွန်းခဲ့သဖြင့် မူးတိမ်ချောင်း ရေလျှံမှုနှင့် စက်တင်ဘာ ၂၂ ရက်တွင် မောရချောင်း ရေဝင် ရောက်မှုကြောင့် ပင်တင်းကန် ကျိုးပေါက်ခဲ့ပြီး မိုးစပါးစိုက်ခင်း များ ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ခင်ဦးမြို့နယ် တွင် ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စု၊ တောင်သူပေါင်း ၃၁၄၀၊ မိုးစပါး စိုက်ဧက ၁၃၁၉၆ ဧက ရေလွှမ်းမိုး နစ်မြုပ်လျက်ရှိကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနက သိရ သည်။
စိုးဝေအောင်(ပြန်/ဆက်)