
နေပြည်တော် စက်တင်ဘာ ၂၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာ သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင် ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေ ဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက် ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း စားအုန်းဆီပိဿာ ၃၈၇၂၀၀၊ တန်ချိန် ၆၃၃ တန် ရောင်းချခဲ့ပြီးဖြစ်သည်။
ဆက်သွယ်ဝယ်ယူနိုင်
ရန်ကုန်မြို့အတွင်းရှိ စားသုံး သူများအတွက် အသင်း၏ အစီ အစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်း ဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကားဝယ်ယူရောင်းချသူများ အနေဖြင့် လက်လီအရောင်းဆိုင် များတွင် အသားတင်အကျိုး အမြတ်(၂ ရာခိုင်နှုန်း) ထက်မပိုသည့် ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ သို့ ပြန်လည်ဖြန့်ဖြူးရောင်းချ သွားရမည်ဖြစ်ပြီး စားသုံးသူ ပြည်သူများသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးမည့် လုပ်ငန်း ရှင်များအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၊ အမှတ် (၁၀၄/၁၀၈) ကမ်းနားလမ်း လွတ်လပ်ရေး ရပ်ကွက် (ဆင်မင်းအိမ်ရာဓမ္မာရုံ ရှေ့) အလုံမြို့နယ် ဖုန်းအမှတ်- ၀၉-၄၄၄၄၃၇၂၉၅၊ ၀၉-၄၀၁၅၂ ၇၀၄၉ နှင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်