
နေပြည်တော် စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲ မြို့နယ်အတွင်းရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့ စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ ဝင်များက အဆိုပါမြို့နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ တွေ့ဆုံ သည်။ တွေ့ဆုံစဉ် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နှင့် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ်အတွင်း ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် များအား ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သတ်မှတ် နေရာများ၌ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ အသီးသီး ထောက်ပံ့ပေးအပ်သည်။
ထို့အပြင် မွန်ပြည်နယ် ရေး မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် များအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များအား သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ယနေ့တွင် သွားရောက်တွေ့ဆုံပြီး စားသောက် ဖွယ်ရာများနှင့် ကိုဗစ်ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်