၂၀၂၄ ခုနှစ်တွင် စေ့ရောက်သည့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစတင်ကာ လုပ်ငန်းအဆင့်(၄)ဆင့်ဖြင့် ကောက်ယူမည်

 

နေပြည်တော် စက်တင်ဘာ ၂၃


၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းသုံးသပ် တင်ပြခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည် တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌   ကျင်းပရာ ပြည်ထောင်စုဝန်ကြီး   ဦးခင်ရီ၊    ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက၂၀၂၄ ခုနှစ်၊ လူဦး ရေနှင့်  အိမ်အကြောင်းအရာ   သန်းခေါင်စာရင်း ကောက်ယူရေးအတွက် နိုင်ငံတော်အစိုးရက ခွင့်ပြု ထားမှု၊  ယခင်ပြဋ္ဌာန်းထားသည့်    ၂၀၁၃  ခုနှစ်၊ သန်းခေါင်စာရင်းဥပဒေအခြေအနေနှင့် ဆက်လက် အသုံးပြုဆောင်ရွက်နိုင်မည့်    နည်းလမ်း၊   ၂၀၁၄ ခုနှစ်နောက်ပိုင်း ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့်    ကောက်ယူရန်လိုအပ်မှု၊ သန်းခေါင်စာရင်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရန်လျာထားသည့်        လုပ်ငန်းစဉ် အဆင့်ဆင့်၊  လုပ်ငန်းဆိုင်ရာ  လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး   ဒုတိယဝန်ကြီး  ဦးဌေးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်   ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိ သူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက် များအပေါ်လိုအပ်သည်များ ပြန်လည်  ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးပြီး လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း လုပ်နိုင်သမျှ လုပ်ငန်း စဉ်များကို အတတ်နိုင်ဆုံးဆောင်ရွက်သွားရမည် ဖြစ်သဖြင့် လုပ်ငန်းအချိန်ဇယားနှင့်အညီ သတ်မှတ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းအဆင့် အလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စနစ်တကျ သုံးသပ်ဆွေးနွေးကာ လုပ်ငန်းလျာထား ချက်များ၊ လိုအပ်သည့် လူအင်အား၊ နည်းပညာနှင့် စက်ကိရိယာအင်အားများကို အသေးစိတ်တွက်ချက် ၍    လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက်သွားကြရ  မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထိုမှတစ်ဆင့်     ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့အင်အားဦးစီးဌာနရှိ လူဦးရေသတင်းအချက် အလက်နှင့် ဖွံ့ဖြိုးရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ မှတ်တမ်းခန်း၌ ထုတ်ပြန်ပြီးဖြစ်သော သန်းခေါင်စာရင်းမှတ်တမ်းစာအုပ်များ ထိန်းသိမ်း ထားရှိမှု၊ GIS စနစ်ဖြင့်  ကောက်ကွက်မြေပုံရေးဆွဲထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်မှု၊   သန်းခေါင် စာရင်းစာကြည့်တိုက်၌      စာအုပ်စာစောင်များ စုဆောင်းထားရှိမှုနှင့်   ရုံးခန်းများအခြေအနေကို လှည့်လည်ကြည့်ရှု     စစ်ဆေးကာ တာဝန်ရှိသူများ၏လိုက်လံရှင်းလင်းတင်ပြချက်များအပေါ်   လိုအပ်သည်များ   မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 


မြန်မာနိုင်ငံတွင်        ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် တို့တွင် ကောက်ယူခဲ့ပြီးနောက် အကြောင်းအမျိုးမျိုး ကြောင့် နှစ်ပေါင်း ၃၀ ကျော်ကြာ ၂၀၁၄ ခုနှစ်တွင် အောင်မြင်စွာကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ  သန်းခေါင် စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံအချက်အလက်များ အဖြစ် အသုံးပြု ဆောင်ရွက်လျက်ရှိသည်။ သန်းခေါင် စာရင်းကို ၁၀ နှစ်လျှင်  တစ်ကြိမ် ကောက်ယူရန် လျာထားရာ ၂၀၂၄ ခုနှစ်တွင်      စေ့ရောက်သည့်  သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယခင် အတွေ့အကြုံများအပေါ်အခြေခံ၍    ၂၀၂၁  ခုနှစ်၊ အောက်တိုဘာလ   ၁  ရက်မှစတင်ကာ   လုပ်ငန်း အဆင့်(၄) ဆင့်ဖြင့်     ကောက်ယူမည်ဖြစ်သည်။ လက်ရှိနိုင်ငံတော် အစိုးရ  တာဝန်ယူစဉ်ကာလအတွင်း  ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို     လုပ်နိုင်သမျှ အကောင်အထည်ဖော် လျာထားဆောင်ရွက်သွားမည် ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းစစ်၊ စာရင်းကောက်အင်အား     ၄၂၀၀၀    ခန့်သည် ကောက်ကွက်ပေါင်း ၁၁၀၀၀၀  ကို  CAPI  စနစ် Mobile Phone/ Tablet အသုံးပြုကောက်ယူနိုင် ရေး  အသေးစိတ်  စီမံချက်ရေးဆွဲဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။                

သတင်းစဉ်