
နေပြည်တော် စက်တင်ဘာ ၂၃
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့တွင် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ဆက်စပ်ကျင်းပ သည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည် တော်မှ video conferencing ဖြင့် ပါဝင်တက်ရောက် ခဲ့သည်။
ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူ
အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno L.P. Marsudi နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ပူးတွဲ ဥက္ကဋ္ဌများအဖြစ် တာဝန်ယူခဲ့ကြပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူး ချုပ်နှင့် အာဆီယံနှင့် အမေရိကန်တို့မှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြသည်။
နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်
အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ် တိုက်ဖျက်ရေး၊ အာဆီယံ-အမေရိကန် ပူးပေါင်း ဆောင်ရွက်မှုနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက် ရေးတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အရေးကြီးကြောင်း၊ အာဆီယံ၏ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးကြိုးပမ်းမှုတွင် အမေရိကန် နိုင်ငံ၏ ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူးတင် ကြောင်း၊ အကူအညီများ ထပ်မံပေးအပ်သွားရန် တိုက်တွန်းကြောင်းနှင့် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (IAI) ကိုလည်း ဆက်လက်ကူညီပံ့ပိုးသွားရန် တိုက်တွန်းပြောကြား ခဲ့သည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတွင်းလုံခြုံရေး အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် မြန်မာနိုင်ငံပြည်သူလူထု အတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ များ ပေးအပ်ရေးအတွက် အာဆီယံနှင့်ပူးပေါင်းဆောင် ရွက်နေမှုအပါအဝင် အာဆီယံနိုင်ငံ့ခေါင်းဆောင် များအစည်းအဝေး၏ သဘောတူညီချက် (၅) ချက် အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေ အနေများကို ဆွေးနွေးပြောကြားခဲ့သည်။
တရားဝင်မှုမရှိ
CRPH နှင့် NUG တို့မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချသွားရန် ပြည်ထောင်စုဝန်ကြီးက အမေရိကန်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂ နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများတွင် ယင်း အဖွဲ့များမှ ကိုယ်စားလှယ်များ ကိုယ်စားပြုမှု လုပ်ဆောင်မှုများသည် တရားဝင်မှုမရှိကြောင်းနှင့် လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်