
နေပြည်တော် စက်တင်ဘာ ၂၂
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် ၁၃၀ လမ်းနှင့် ၅၈ လမ်းထောင့်အနီးတွင် သော်ဇင် ထွန်း မောင်းနှင်ပြီး စောသန့်ခိုင် လိုက်ပါလာသည့် ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ သော်ဇင်ထွန်း ကိုင်ဆောင်ထား သည့် ပလတ်စတစ်အိတ်အတွင်း မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ဖမ်းဆီးရမိသည်။
ယင်းနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့ ဆေခမ်း ရပ်ကွက် တာချီလိတ်-ဝမ်ပုံသွား ကားလမ်း ဦးထွန်းအောင်တံတား အနီးတွင် အိုက်ပေါက်(ခ)အိုက်စိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆိုင်ကယ်တူးဘောက် အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား