ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို Phase 1 အဖြစ် အဆောက်အအုံ ၁၉၄ လုံး၊ အခန်း ၃၁၀၄ ခန်း ဆောက်လုပ်လျက်ရှိ

 

ရန်ကုန်   စက်တင်ဘာ   ၂၂


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်  အမှတ်(၇)လမ်းမကြီးအနီးတွင်  အကောင် အထည်ဖော်   ဆောင်ရွက်လျက် ရှိသည့်        ပြည်သူ့အငှားအိမ်ရာ  စီမံကိန်းဆိုင်ရာ    ကိစ္စများနှင့် စပ်လျဉ်း၍       လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို    ယနေ့မွန်းလွဲ ၁   နာရီက   ရန်ကုန်မြို့တော် စည်ပင်သာယာရေး  ကော်မတီ အစည်းအဝေးခန်းမ (၄)၌ ကျင်းပ သည်။


ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက       ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်  MCEFနှင့် MLCA တို့ အနေဖြင့် ဆောင်ရွက်ဆဲလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင် ရွက်သွားရန်    လိုကြောင်းနှင့်  အမြန်ဆုံး      ပြီးစီးနိုင်သည့် အဆောက်အအုံများကို ပြီးစီးပါက လူနေထိုင်နိုင်ရေး  နေရာချထား ရန်   ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ပြောကြားသည်။


ဆက်လက်၍         မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်    ဒေါက်တာ မြင့်နိုင်၊ MCEF နှင့် MLCA တို့မှ တာဝန်ရှိသူများက  လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်   ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။


ယခု  တည်ဆောက်လျက်ရှိ သည့် ပြည်သူ့အငှားအိမ်ရာစီမံ ကိန်းမှာ ပြည်သူများအလုပ်အကိုင် ရရှိရေးနှင့် ဝင်ငွေနည်းပြည်သူများ နေရေး ဖြေရှင်းပေးနိုင်ရန်အတွက် အခန်း ၁၀၀၀၀ စီမံကိန်းဆောင် ရွက်ရန် မူဝါဒအရ  ပြည်သူ့အငှား အိမ်ရာစီမံကိန်းကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်   ၇၀၄ ခန်း၊ ရန်ကုန်တိုင်းဒေသကြီး   ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၆၂၈၈ ခန်းနှင့် မန္တလေးတိုင်းဒေသ ကြီး ပုသိမ်ကြီးမြို့နယ်တွင် ၃၀၀၈ ခန်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့အငှားအိမ်ရာ   စီမံကိန်း (ရန်ကုန်)သည်       ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်   အမှတ်(၂)လမ်းနှင့်       မြို့ပတ်လမ်းဆုံမှ သရက်ပင်ချောင်းရွာသွားလမ်းရှိ မြေဧရိယာ ၁၇၁ ဧကတွင် ဆောင် ရွက်လျက်ရှိပြီး    Phase  1  အဖြစ်  အဆောက်အအုံ ၁၉၄ လုံး၊  အခန်း  ၃၁၀၄ ခန်းကို ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်