
လှည်းကူး စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် အောက်ဆီဂျင် အခက်အခဲ မရှိစေရန်အတွက် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိ ကာမများ စုပေါင်းဝယ်ယူ လှူဒါန်းသော အောက်ဆီဂျင်စက်သစ်ကြီးသည် စက်တင်ဘာ ၂၀ ရက်က စခန်းကြီးကျေးရွာ စက်ရုံ တည် ဆောက်မည့်နေရာသို့ ရောက်ရှိလာသည်။
ယခုရောက်ရှိလာသည့် အောက်ဆီဂျင် စက်သစ်သည် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ ပျမ်းမျှ အိုးအလုံးရေ ၉၀ မှ ၁၀၀ ခန့် ထုတ် လုပ်နိုင်မည်ဖြစ်ပြီး အောက်ဆီဂျင်စက်သစ် ထားရှိသည့် အဆောက်အအုံ အပြီးသတ် ဆောက်လုပ်ခြင်းနှင့် စက်တပ်ဆင်မှုပြီးစီးပါက အမှန်တကယ် အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် နေ့စဉ်ထုတ်လုပ် လှူဒါန်း မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ဖြန့်ဝေလှူဒါန်းရေးအဖွဲ့ အလုပ်အမှုဆောင် စခန်းကြီးတောရ (သုဿာန်)ဆရာတော်ထံမှ သိရသည်။
အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး နှင့် ဖြန့်ဝေလှူဒါန်းရေးအဖွဲ့က စက်ရုံတွင် တည်အိုးအဖြစ် အသုံးပြုရန် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အရည်ပါအိုးများကို ကြိုတင် မှာယူထားရာ အောက်ဆီဂျင်စက် မှာယူထား သည့်ကာလအတွင်း အောက်ဆီဂျင်အခက်အခဲ များကို ဖြေရှင်းနိုင်ရန်အတွက် အိုးတွင်းပါ အောက်ဆီဂျင်များနှင့် မြို့နယ် အောက်ဆီ ဂျင်ထောက်ပံ့ရေးအဖွဲ့ ထောက်ခံချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ထုတ်ယူ ရရှိသော အောက်ဆီဂျင်များကို ပြည်သူ့ဆေးရုံ ကြီးနှင့် တိုက်နယ်ဆေးရုံများ အပါအဝင် ပရဟိတအသင်းအဖွဲ့များသို့ သြဂုတ်လ ပထမပတ်မှ စက်တင်ဘာလ တတိယပတ် အထိ နေ့စဉ်ဖြန့်ဝေလှူဒါန်းမှုများ ပြုလုပ် ပေးကြောင်း သိရသည်။
ကျော်ကျော်
(ပြန်/ဆက်)