ငပုတောမြို့နှင့် ကျုံပျော်မြို့တို့၌ အောက်ဆီဂျင်စက် တပ်ဆင်၊ စမ်းသပ်လည်ပတ်

 

နေပြည်တော် စက်တင်ဘာ  ၂၂


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည် ပြု ပိုးတွေ့လူနာများနှင့်  သီးသန့် စောင့်ကြည့်ရမည့်သူများကို ကုသ ရေးလုပ်ငန်းများ     ဆောင်ရွက် ရာတွင်    အောက်ဆီဂျင်   လိုအပ် ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်ကူပြုစေရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို   တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်  ညနေပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့  မြောက် ပိုင်းရပ်ကွက်၌     အောက်ဆီဂျင်  ထုတ်လုပ်သည့်   စက်ရောက်ရှိ တပ်ဆင်နေမှုနှင့် ကျုံပျော်မြို့၌ အောက်ဆီဂျင်  ထုတ်လုပ်သည့် စက် စမ်းသပ်လည်ပတ်နေမှုကို သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများက  သွားရောက်ကြည့်ရှု ကြပြီး လိုအပ်သည်များ  ညှိနှိုင်း ဆောင်ရွက်ပေးခဲ့   ကြကြောင်း သတင်းရရှိသည်။    

 သတင်းစဉ်