
နေပြည်တော် စက်တင်ဘာ ၂၂
လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများဖြစ် သည့် တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မူဝါဒများနှင့် ဥပဒေစည်းမျဉ်းများ ဆိုင်ရာ ကောင်းမွန်သော အလေ့အထ များကို ဖလှယ်ရန်နှင့် ဗဟုသုတကို မြှင့်တင်ရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင် မည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒအစီအမံများနှင့် ဦးစားပေးလုပ်ငန်းကဏ္ဍများကို ဆွေးနွေး ရန်၊ လန်ချန်း-မဲခေါင်ဒေသတွင်း ရင်းနှီး မြှုပ်နှံမှုကို မြှင့်တင်ရန် ရည်ရွယ်လျက် လန်ချန်း-မဲခေါင် ရင်းနှီးမြှုပ်နှံမှုဆွေးနွေး ပွဲကို လန်ချန်း - မဲခေါင် ပူးပေါင်း ဆောင် ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) ဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်မှ ၂၂ ရက်ထိ နှစ်ရက်ကြာ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးသန့်စင်လွင်၊ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်း ဇေယျာထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွား ရေး သံမှူးဖြစ်သူ Mr. Tan Shufu တို့က အဖွင့်အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ လန်ချန်း - မဲခေါင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနတို့မှ အရာထမ်း စုစုပေါင်း ၇၀ ခန့် တက်ရောက်သည်။
ယခုလန်ချန်း - မဲခေါင် ရင်းနှီးမြှုပ်နှံ မှု ဆွေးနွေးပွဲကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း နိုင်ငံများအကြား ရင်းနှီး မြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ပထမဆုံးအကြိမ် ဆွေးနွေးပွဲလည်း ဖြစ်သည်။
သတင်းစဉ်