ပုံမှန်အခြေအနေနီးပါး ပြန်ရောက်ပါက မိမိတို့၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထား

လားရှိုး   စက်တင်ဘာ  ၂၁


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည်   စက်တင်ဘာ ၁၉ ရက်   မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)   နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊  နောင်ချို ထပ်ဆင့် လွှင့်စက်ရုံ တာဝန်ခံတို့အား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ များ မှာကြားပြီး နောင်ချိုထပ်ဆင့်လွှင့်စက်ရုံကို  သွားရောက်ကြည့်ရှုစစ်ဆေးသည်။


စက်တင်ဘာ ၂၀ ရက်နံနက်ပိုင်းတွင်  ကျောက်မဲ မြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး၌  ခရိုင်ဦးစီးမှူး၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့ နှင့် မိုင်းငေါ့မြို့တို့မှ ဦးစီးမှူးများ၊ ကျောက်မဲ ထပ်ဆင့် လွှင့်စက်ရုံတာဝန်ခံတို့အား တွေ့ဆုံ၍  လုပ်ငန်းဆိုင်ရာ များနှင့် လုံခြုံ‌ရေးကိစ္စများ မှာကြားပြီး   ကျောက်မဲ ထပ်ဆင့်လွှင့်စက်ရုံကို  ကြည့်ရှုစစ်ဆေးခဲ့သည်။ 


ထို့နောက် သီပေါမြို့နယ်ရုံး၌ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သီပေါထပ်ဆင့်လွှင့် စက်ရုံမှူးတို့အား တွေ့ဆုံမှာကြားပြီး  ထပ်ဆင့်လွှင့်စက်ရုံကို    ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။


ညနေပိုင်းတွင်   လားရှိုးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌         ရှမ်းပြည်နယ် (မြောက်ပိုင်း)  တွဲဖက်ပြည်နယ်ဦးစီးမှူး၊    ခရိုင်ရုံး ဝန်ထမ်းများ၊ နမ္မတူ၊ မိုင်းရယ်၊ တန့်ယန်းမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများ၊ ထပ်ဆင့်လွှင့်စက်ရုံမှ လားရှိုးဇုန် တာဝန်ခံအင်ဂျင်နီယာနှင့် လက်အောက်ရှိ လားရှိုး၊ မူဆယ်၊ ကွမ်းလုံ၊ သိန္နီ၊ ကွတ်ခိုင်၊ နမ္မတူ၊ လောက်ကိုင် တို့မှ ထပ်ဆင့်လွှင့်စက်ရုံမှူးများ၊ ကိုယ်ပွားသတင်းစာ တိုက်(လားရှိုး) တာဝန်ခံတို့အား တွေ့ဆုံ၍လုပ်ငန်း ဆိုင်ရာများ မှာကြားခဲ့သည်။ 


 ကြိုတင်ပြင်ဆင်ဆောင်ရွက်


တွေ့ဆုံစဉ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  လားရှိုးခရိုင်၊   မူဆယ်ခရိုင်၊  မိုးမိတ်ခရိုင်၊ လောက်ကိုင်ခရိုင်၊ ဟိုပန်ခရိုင်နှင့် နမ့်ဆန်ခရိုင်တို့မှ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်  တက်‌ရောက်ကြသည်။ ထို့နောက်  လားရှိုးမြို့  လူထုအခြေပြုဗဟိုဌာနကို လှည့်လည် ကြည့်ရှုပြီး(ယာပုံ)   ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့ကျသွားပါက   အများပြည်သူကို   ဝန်ဆောင်မှု ကောင်းစွာပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန် မှာကြားခဲ့သည်။
စက်တင်ဘာ ၂၁ ရက်   နံနက်ပိုင်းတွင် လားရှိုး ထပ်ဆင့်လွှင့်စက်ရုံနှင့်  ကိုယ်ပွားသတင်းစာတိုက် (လားရှိုး) တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက   သတင်းအချက် အလက်များကို ပြည်သူစိတ်ဝင်စားအောင်  ထုတ်လွှင့် ပြန်ကြားပေးရေး၊ လူငယ်များ အသိအမြင်မှန်ကန်ရေး အတွက်   ကြိုးပမ်းဆောင်ရွက်ကြရေး၊  ဝန်ထမ်း ကောင်းပီသစွာ  နိုင်ငံတော်အပေါ်  သစ္စာစောင့်သိ တာဝန်ကျေရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြား သည်။    


ထို့အပြင်   ဝန်ထမ်းများအနေဖြင့် လက်ရှိအခြေ အနေတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်း လာပြီဖြစ်သော်လည်း လုပ်ဆောင်နေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု   ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ သတိပေးနှိုးဆော်ချက်များကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ကြရန်၊  ယနေ့ကြုံတွေ့နေရ သော ဆူပူအကြမ်းဖက်မှုများကို လျော့နည်းပ‌‌ပျောက် စေပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံ‌ ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  ပြည်သူများ ဝိုင်းဝန်းပူးပေါင်းလာစေရေး၊ အဖျက်ရန်ကို ပြည်သူ နှင့်အတူ ပူးပေါင်းတွန်းလှန်ရေး တိုက်တွန်းနှိုးဆော် မှုများကို   ဆက်လက်ဆောင်ရွက်ရန်၊  ကိုဗစ်-၁၉ ရောဂါကူးစက်မှု သိသိသာသာကျဆင်းလာပြီး  ဆူပူ အကြမ်းဖက်နေမှုများသည်လည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် မကြာမီလျော့နည်းပ‌ပျောက်သွား မည်ဖြစ်ကြောင်း၊ ပုံမှန်အခြေအနေနီးပါး ပြန်ရောက် ပါက မိမိတို့၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နိုင်ရေး ကြိုတင် ပြင်ဆင်ထားကြရန် မှာကြားခဲ့သည်။ 


                  တွဲဖက်ပြည်နယ်(ပြန်/ဆက်)