သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်

 

နေပြည်တော်  စက်တင်ဘာ  ၂၁


နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့်  လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ      တိုင်းရင်းသား လူငယ်များ   ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(သထုံ)၌    ယမန်နေ့က       သဘာဝဘေး အန္တရာယ်ဆိုင်ရာ  အခြေခံ   ရှာဖွေကယ်ဆယ်ရေး သင်တန်းကို       မွန်ပြည်နယ် မီးသတ်ဦးစီးဌာနနှင့်    ပူးပေါင်း ၍    ကိုဗစ်-၁၉   ရောဂါဆိုင်ရာ  စည်းကမ်းချက်များနှင့်     အညီ သင်တန်းဖွင့် အခမ်းအနား ကျင်းပ သည်။
အဆိုပါ   အခမ်းအနားတွင် ပြည်နယ်    မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး    ဦးစိုးဝင်းက    အမှာစကား ပြောကြားပြီး ခရိုင် နှင့်     မြို့နယ်အဆင့်     ဌာန ဆိုင်ရာ     တာဝန်ရှိပုဂ္ဂိုလ်များ၊  သင်တန်းသား   သင်တန်းသူများ   တက်ရောက်ခဲ့ကြသည်။ သင်တန်း ကာလမှာ  ရက်သတ္တ  လေးပတ်  ကြာမြင့်မည်ဖြစ်ကြောင်း   သိရ သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်  လေ့ကျင့်ရေးဦးစီး ဌာန     ကွပ်ကဲမှုအောက်ရှိ     ပြည် ထောင်စု   တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်  ထောင်စု   တိုင်းရင်းသားလူငယ် များ    စွမ်းရည်ဖွံ့ဖြိုးရေး  ဒီဂရီ ကောလိပ်  (ရန်ကုန်နှင့် စစ်ကိုင်း)၊ နယ်စပ်ဒေသ      တိုင်းရင်းသား လူငယ်များ  ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ၃၀ တို့တွင် ဆရာ ဆရာမ များ ကြီးကြပ်လျက် ကျောင်းသား ကျောင်းသူများဖြင့် သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေး အဖွဲ့များ ဖွဲ့စည်းထားပြီး  သဘာဝ ဘေးအန္တရာယ် ကျရောက်သည့်  ဒေသများတွင်   ကူညီကယ်ဆယ် ရေးလုပ်ငန်းများ   သွားရောက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်