
နေပြည်တော် စက်တင်ဘာ ၂၁
ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေသမား များအတွက် လက်စွဲစာအုပ်အဖြစ် ကိုင်ဆောင်ထား ရှိရမည့် အင်္ဂလိပ်-မြန်မာဥပဒေ ဝေါဟာရအဘိဓာန် (THE ENGLISH-MYANMAR LAW DICTIONARY) ကို ထုတ်ဝေပြီးဖြစ်သည်။
အဆိုပါ အဘိဓာန်စာအုပ်တွင် အင်္ဂလိပ် ဝေါဟာရ စကားလုံး ၄၃၉၈ လုံး၏ ဥပဒေဆိုင်ရာ မြန်မာအဓိပ္ပာယ်များကို စုစည်းဖော်ပြထားပြီး ဝေါဟာရများကို ဥပဒေရေးရာဝန်ကြီးဌာနက ဘာသာပြန်ဆိုထားခြင်းဖြစ်၍ တရားဝင်ရည်ညွှန်း ကိုးကားနိုင်သည့် စာအုပ်ဖြစ်သည်။
ဥပဒေပညာလေ့လာသူများ၊ ဥပဒေသမားများ အတွက် အဖိုးတန်သောစာအုပ်ကောင်းတစ်အုပ် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်