ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား (၂၀၆) ဦး  မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက်

 

 

မြဝတီ စက်တင်ဘာ ၂၀


ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန် လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့ မြန်မာ - ထိုင်း   အမှတ်   (၂)    ချစ်ကြည်ရေး တံတားမှတစ်ဆင့်  ပြန်လည်ကြိုဆိုလက်ခံ ခြင်းကို   ၂၀၂၁  ခုနှစ်    သြဂုတ်   ၁  ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင် ၂၀၆  ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသည့်     မြန်မာနိုင်ငံသားများအား  မြဝတီ ခရိုင်  ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင် ချမ်းငြိမ်းနှင့်    တာဝန်ရှိသူများက    ကြိုဆို အားပေးကြပြီး    သက်ဆိုင်ရာ    ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက  ကိုဗစ်-၁၉  ရောဂါဆိုင်ရာများအား       အသိပညာပေး ခြင်း၊          ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ    စစ်ဆေးဆောင်ရွက်ပေးခြင်းနှင့်     သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့  ပြန်လည်ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးသည်။
ထိုသို့ထိုင်းနိုင်ငံမှ  ပြန်လာသူများအား ယခင်က  မြဝတီခရိုင်နှင့် ကော့ကရိတ်ခရိုင်မှ နေရပ်ပြန်များကိုသာ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပေးရာမှ  ယခုအခါ  ပြန်လာသူအားလုံးအား  စစ်ဆေးပေးကာ ရောဂါပိုးရှိသူများအား မြဝတီမြို့ မဲကနယ် ကိုဗစ်စင်တာနှင့် ရွှေမြဝတီ ကိုဗစ်စင်တာတို့တွင် ကုသမှုခံယူစေမည်ဖြစ်ဖြစ်ကြောင်း သိရသည်။
အခြားသက်ဆိုင်ရာ   တိုင်းဒေသကြီး၊   ပြည်နယ်များမှ   နေရပ်ပြန် များအား သီးသန့်မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၁၀ ဦး၊ အမျိုးသမီး ၉၆ ဦး စုစုပေါင်း ၂၀၆ ဦးရှိကြောင်း သိရသည်။ 
ထိန်လင်းအောင်