မြန်မာနိုင်ငံလယ်ယာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစီမံကိန်းဆိုင်ရာ ဆင့်ပွားအလုပ်ရုံဆွေးနွေး

 

ထားဝယ်     စက်တင်ဘာ   ၁၉


မြန်မာနိုင်ငံလယ်ယာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစီမံကိန်းဆိုင်ရာ ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး သက်စိုးက  အမှာစကားပြောကြားပြီး  တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှူးဦးဆန်းလင်းဦးက   မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ နှင့်   ပတ်သက်၍  ရှင်းလင်းဆွးနွေးကာ တိုင်းဒေသ ကြီး       လယ်ယာမြေစီမံခန့်ခွဲရေးနှင့်   စာရင်းအင်း ဦးစီးဌာန    ဦးစီးအရာရှိ   ဦးသန်းညီညီလတ်က     မြန်မာ့လယ်ယာသန်းခေါင်စာရင်း      စီမံကိန်း အကြောင်း ရှင်းလင်းဆွေးနွေးသည်။


ထို့နောက်  မြိတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဇော်မင်းက  CS Pro Application နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး     တက်ရောက်လာသော တိုင်း ဒေသကြီး/ခရိုင်/မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှတာဝန်ရှိသူများက မြန်မာ နိုင်ငံ     လယ်ယာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်း စီမံကိန်းဆိုင်ရာလုပ်ငန်းများကို  အုပ်စု များခွဲ၍ ရှင်းလင်းဆွေးနွေးသည်။

ခရိုင်(ပြန်/ဆက်)