
နေပြည်တော် စက်တင်ဘာ ၁၉
တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါ ကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ ဆေးရုံများ၊ တပ်မတော်ဆေးရုံ များ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ် စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်း လျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်အတွင်းရှိ တိုက်နယ်ပြည်သူ့ဆေးရုံ ၁၁ ရုံ အတွက် ဆေးရုံ တစ်ရုံလျှင် အောက်ဆီဂျင် လီတာ ၄၀ အိုး ငါး လုံးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် လင်းထွန်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာ တွင် အထောက်အကူဖြစ်စေရန် အတွက် စေတနာရှင် အလှူရှင် များက အထောက်အကူပစ္စည်း များ၊ အလှူငွေများကို ပေးအပ် လှူဒါန်းလျက်ရှိရာ မွန်ပြည်နယ် အတွင်းရှိ အောက်ဆီဂျင်လိုအပ် လျက်ရှိသော ပြည်သူများအတွက် မြန်မာရှင်းရှင်းမက်တယ်ကုမ္ပဏီလီမိတက်မှ ဒေါက်တာဟိန်း မျိုးထက်နှင့် ဒေါ်ရတနာလင်း ထိုက်အောင်တို့က ငွေကျပ်သိန်း ၁၁၀၀တန်ဖိုးရှိ အောက်ဆီဂျင် ဂျန်နရေတာ Plant တစ်လုံးကို ပေးအပ်လှူဒါန်းရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီ ဂျင် လိုအပ်ချက်များ မရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန မှ Oxygen Plant များကို တိုးမြှင့် တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေး လျက်ရှိရာ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အောက်ဆီဂျင်စက်ရုံမှ တစ်ရက် လျှင် အောက်ဆီဂျင် လီတာ ၄၀ ဝင် ၂၄၀ ထုတ်လုပ်ဖြန့်ဖြူးနေမှု များကို တြိဂံဒေသ တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ က လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့၌ တစ်ရက် လျှင် အောက်ဆီဂျင် လီတာ ၄၀ ဝင် ၁၄၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက် ရောက်ရှိ တပ်ဆင်နေမှုများကို အနောက် တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများကလည်းကောင်း အသီးသီး သွားရောက်ကြည့်ရှုပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်