
နေပြည်တော် စက်တင်ဘာ ၁၉
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၅၅ နှစ်အထက် ဒေသခံပြည်သူ များ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများ တွင် ရှိသူများ စသည့်ဦးတည်အုပ်စု ၁၆ စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေ့စဉ် ထိုးနှံပေးလျက်ရှိသည်။ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် လေးမြို့နယ်၌ ၁၆၅၂ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရှိ မြို့နယ် ခုနစ် မြို့နယ်၌ ၂၄၈၅ ဦး၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်၌ ၃၇၆၈၇ ဦး၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တို့၌ ၄၂၆၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင် မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တို့၌ ၈၅၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်တို့၌ ၁၁၀၁၉ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၃မြို့နယ်တို့၌ ၁၄၈၄၀၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုတို့၌ ၆၃၆၈ ဦးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ ၆၆၀၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်