တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

 

နေပြည်တော် စက်တင်ဘာ ၁၉


ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည် ပြုပိုးတွေ့လူနာများနှင့်  သီးသန့် စောင့်ကြည့်        ရမည့်သူများ     ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများကို      တပ်မတော် ဆေးရုံများ၊  ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့်  ကိုဗစ် စင်တာများ၌    တပ်မတော်သား ဆရာဝန်များ၊     ကျန်းမာရေး ဝန်ထမ်းများ၊    လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍  အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက် ရှိရာ    ၎င်းလုပ်ငန်းများတွင် အထောက်အကူ    ဖြစ်စေရန် အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်း ရှိတိုးချဲ့ကာကွယ်ဆေးသိုလှောင် ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို   စံချိန် စံညွှန်းများအတိုင်း   တိုင်းဒေသ ကြီးနှင့်    ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့်   ပို့ ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။


ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ကာကွယ်ဆေး ၆၇၇၅၂ လုံး၊   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့     ကာကွယ်ဆေး ၅၇၉၅၈ လုံးနှင့်  ကရင်ပြည်နယ် ဘားအံမြို့သို့    ကာကွယ်ဆေး ၁၀၀၀၀ တို့ကို     မြေပြင်ခရီးလမ်း ကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့်    ဆက်လက်ပို့ဆောင် ပေးရာ   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူ များက လက်ခံရယူပြီး သက်ဆိုင် ရာနေရာများသို့    ဆက်လက် ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။


ယင်းသို  ပို့ဆောင်ဖြန့်ဖြူးပေး သော ကိုဗစ်-၁၉ ကာကွယ်ဆေး များကို  ဦးတည်အုပ်စု  လူဦးရေ၊ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေး နိုင်ရေးအတွက်  ဆောင်ရွက်ခြင်း ဖြစ်ပြီး    ဝေးလံခက်ခဲသောဒေသ များသို့    တပ်မတော်  (လေ)မှ ပို့ဆောင်ရေးလေယာဉ်၊ ရဟတ် ယာဉ်များ၊  မြန်မာ့လေကြောင်း  တို့ ၏        အကူအညီများရယူ ကာ   လေကြောင်းခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်