
နေပြည်တော် စက်တင်ဘာ ၁၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာ မှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်း များနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ နှင့် တာချီလိတ်စခန်း ငါးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၁၀ ခုမှ ယာဉ်စီးရေ ၁၆ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်သုံးစီးဖြင့် ၅၆ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၄၆၃၀၊ အောက်ဆီဂျင်ထုတ်စက် ရှစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၁၀ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၅၀၀ နှင့် နှာခေါင်းစည်း ၁၁ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser)ယာဉ်သုံးစီးမှာ ရန်ကုန်မြို့သို့ တစ်စီး၊ မန္တလေးမြို့သို့ နှစ်စီးဖြစ်ပြီး အောက်ဆီဂျင်ထုတ်စက် ရှစ်ခုမှာ ရန်ကုန်မြို့သို့ နှစ်ခု၊ ပခုက္ကူမြို့သို့ နှစ်ခု၊ မုံရွာမြို့၊ မြိုင်မြို့၊ ဂန့်ဂေါမြို့နှင့် ထန်ထလန်မြို့များသို့ တစ်ခုစီ ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ကုမ္ပဏီ ၂၀၄ ခုမှ ယာဉ်အစီးရေ ၃၈၀ ဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၅၈၆ တန်၊ အောက်ဆီဂျင် အရည်(အိုးဖြင့်) ၁၂၆ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (Bowser) ယာဉ်ဖြင့် တန် ၂၀၊ Storage Container လေးခု၊ အောက်ဆီဂျင်(အရည်) Distributor တစ်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၇၄၀၀၀၊ အောက်ဆီဂျင်ထုတ် စက် ၁၅၃ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် နှစ်ခု၊ Oxygen Generator ၁၈ ခု၊ အိမ်သုံး အောက်ဆီဂျင်စက် ၁၁၃၂၈ ခု၊ Test Kit ခုရေ ၇၀၀၀၀၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၁၀ သိန်း၊ လက်အိတ် ၈၁ တန်နှင့် နှာခေါင်းစည်း တန် ၂၂၇၀ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
စက်တင်ဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း ၂၉ စီးမှာ ရန်ကုန်မြို့သို့ အစီး ၂၀၊ မန္တလေးမြို့သို့ လေးစီး၊ မော်လမြိုင်မြို့သို့ နှစ်စီး၊ ပဲခူးမြို့၊ မုံရွာမြို့နှင့် ပြည်မြို့များသို့ တစ်စီးစီဖြစ်ပြီး အောက်ဆီဂျင်ထုတ်စက် စုစုပေါင်း ၁၅၃ ခုမှာ ရန်ကုန် မြို့သို့ ၁၀၈ ခု၊ မန္တလေးမြို့သို့ ၁၂ ခု၊ ပခုက္ကူမြို့သို့ သုံးခု၊ ချောက်မြို့သို့ သုံးခု၊ လားရှိုးမြို့သို့ နှစ်ခု၊ မင်းဘူးမြို့သို့ နှစ်ခု၊ မအူပင်မြို့သို့ နှစ်ခု၊ မော်လမြိုင်၊ မုံရွာ၊ မြစ်ကြီးနား၊ မိုးကောင်း၊ မြင်းမူ၊ မုဒုံ၊ ပြည်၊ မိတ္ထီလာ၊ မြောင်းမြ၊ ဝိုင်းမော်၊ တာချီလိတ်၊ မိုးညှင်း၊ ကန်ကြီးထောင့်၊ ဖားကန့်၊ အောင်လံ၊ ကဝ၊ စဉ့်ကူး၊ မြိုင်၊ ဂန့်ဂေါ ၊ ထန်တလန်နှင့် တန့်ယန်းမြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်သည့် www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
သတင်းစဉ်