စက်မှုကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများလုပ်ဆောင်ရာတွင် လျှပ်စစ်စွမ်းအင်ရရှိရေးသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်သဖြင့် ဒေသတွင်း လျှပ်စစ်စွမ်းအား ဖူလုံမှုရှိစေရေး ကြိုးပမ်းလုပ်ဆောင်ရမည် ဒေသတွင်းရှိပေါကြွယ်ဝသည့် ဝါးအရင်းအမြစ်များအသုံးချ၍ ချည်ထည်လုပ်ငန်း၊ စက္ကူလု

နေပြည်တော်  စက်တင်ဘာ  ၁၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ယနေ့မွန်းလွဲပိုင်းတွင်  ကချင် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။


အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဦးတင်ထွဋ်ဦး၊  ဦးလှမိုး၊  ဦးခင်မောင်ရီ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်၊    ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်      ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား  ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက လှိုက်လှဲ နွေးထွေးစွာ   ကြိုဆိုနှုတ်ဆက်ကြပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အား တိုင်းရင်းသားရိုးရာဝတ်စုံကို ဂုဏ်ပြုဝတ်ဆင်ပေးသည်။            

 


ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်က  ကချင် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်  ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့်    ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ထားရှိမှု၊   အထွေထွေအချက်အလက် များကို ရှင်းလင်းတင်ပြပြီး မြစ်ကြီးနားခရိုင်အုပ်ချုပ် ရေးမှူးက   လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို    ရှင်းလင်းတင်ပြသည်။      ဆက်လက်၍         မြို့မိ မြို့ဖများက   ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေး အတွက်   အထွေထွေလိုအပ်ချက်များကို  တင်ပြကြ သည်။


ချမှတ်ဆောင်ရွက်လျက်ရှိ


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေဖြင့်   ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများကို ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်နေရသည့်   ကာလအတွင်း နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊  ငြိမ်းချမ်းရေး အဘက်ဘက်မှ လစ်ဟင်းမှုမရှိစေရန် လုပ်ဆောင် နေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်ပေါ် လာသည့် အခြေအနေများနှင့် တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏တာဝန်များကို ထိန်းသိမ်း ဆောင်ရွက် နေရသည့်အချိန်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်း၍    ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိ ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်တည်ဆောက်ရာတွင် အချက် ၂ ချက်ကို   အဓိကထား၍  အလေးထား ဆောင်ရွက်လျက်ရှိပြီး ပထမအနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့်အညီ  ပါတီစုံဒီမိုကရေစီစနစ်  ခိုင်ခိုင်မာမာ တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်ထားရှိ လုပ်ဆောင်လျက်ရှိကြောင်း၊ ဒုတိယအချက်အနေဖြင့် ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရပင်ဖြစ်စေ တိုင်းပြည်ကို တိုးတက်အောင် တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက် ကြသည်ပင်ဖြစ်သည့်အတွက် မိမိတို့အစိုးရအနေ ဖြင့်လည်း    သာယာဝပြောရေးနှင့်    စားနပ်ရိက္ခာ ပေါများရေးကို   ဦးစားပေးလုပ်ဆောင်ပေးလျက်ရှိ ကြောင်း။ 
မိမိတို့နိုင်ငံသည် မြေ၊ ရေ သယံဇာတများအပြင် လူသားအရင်းအမြစ်ပြည့်စုံသည့် နိုင်ငံတစ်ခုဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို   အခြေခံသည့်  စီးပွားရေး လုပ်ငန်းကို အဓိကထားလုပ်ဆောင်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် လူဦးရေ  သန်း ၇၀၀၀ ကျော်ခန့်ရှိပြီး စားရေရိက္ခာလိုအပ်ချက်   အမြဲတမ်းရှိနေကြောင်း၊ ထို့ကြောင့်  စိုက်ပျိုးမွေးမြူရေး အဆင့်မြင့်ထုတ်ကုန် များ ထုတ်လုပ်၍  ပြင်ပဈေးကွက်များသို့  တင်ပို့ ရောင်းချနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်သည် ဆန်၊ ပဲ ဖူလုံမှုရှိသည်ဖြစ်သော် လည်း ဆီဖူလုံမှုလိုအပ်လျက်ရှိသဖြင့်  ဆီထွက်သီးနှံ များကို အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စားရေရိက္ခာ ပေါများမှုရှိစေရေး ထည့်သွင်းစဉ်းစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။


အားမပေးလို


တင်ပြချက်များတွင်     စက်မှုဇုန်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်း၊   ခရီးသွားလုပ်ငန်းများကို ခွင့်ပြုပေးရန်နှင့်   အဆင့်မြှင့်တင်ပေးရန်တို့ပါရှိ သည်ကို  တွေ့ရှိရပြီး  သယံဇာတကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ရေရှည်တည်တံ့ နိုင်သည့် လုပ်ငန်းများမဟုတ်ဘဲ ရေတိုအတွက်သာ အဆင်ပြေနိုင်မည်ဖြစ်သဖြင့်  မြေပေါ်မြေအောက် သယံဇာတများကို  ထုတ်ယူခြင်းလုပ်ငန်းများကို အားမပေးလိုကြောင်း၊ မိမိတို့နိုင်ငံသည်  သယံဇာတ များကို ထုတ်ယူပြီး အကြမ်းထည်များကို  တင်ပို့သော ကြောင့် ဈေးနှုန်းရသင့်သည်ထက် နည်းပါးစွာရရှိ သဖြင့် အချောထည်များကို ထုတ်လုပ်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့သော သယံဇာတများသည် ပြည့်ဖြိုးမြဲသယံဇာတမဟုတ် သည့်အတွက် ကုန်ခန်းသွားနိုင်ကြောင်း၊ ပြည့်ဖြိုးမြဲ သယံဇာတများကိုမူ   ပြန်လည်ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို  လုပ်ဆောင်ရမည်ဖြစ် ကြောင်း။


ကုန်ချောထုတ်လုပ်နိုင်ရန်လိုအပ်


သယံဇာတကို အားကိုးပါက ရေရှည်တွင် အခက် အခဲများဖြစ်ပေါ် နိုင်သည့်အတွက် တိုင်းပြည်အတွက် အာမခံချက်ရှိသည့် ကုန်ထုတ်လုပ်မှုများကို လုပ်ဆောင် ကြစေလိုကြောင်း၊  စိုက်ပျိုးမွေးမြူရေးထုတ်ကုန် များကို အရည်အသွေးပြည့်ဝပြီး အဆင့်အတန်း ပြည့်မီသည့် ထုတ်ကုန်များဖြစ်အောင် လုပ်ဆောင်ကာ ပြည်တွင်းရှိ အခြားဒေသများနှင့် ပြည်ပဈေးကွက် များသို့ တင်ပို့ရောင်းချနိုင်ရေး လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးမွေးမြူရေးမှရရှိလာသည့် ထွက်ကုန် များကို    အကြမ်းထည်တင်ပို့သည့်    တစ်ဆင့်ခံ ကုန်ထုတ်လုပ်ငန်းဖြစ်နေ၍မရဘဲ  ဈေးကွက်ဝင် ကုန်ချော ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း၊  လိုအပ် သည့် အခြေခံကုန်ကြမ်းပစ္စည်းများကို မိမိတို့ဒေသ တွင်း၌  ထုတ်လုပ်နိုင်မည်ဆိုပါက  ပြင်ပမှဝယ်ယူ နေရမှုများကို  လျှော့ချနိုင်မည်ဖြစ်ပြီး   ဈေးနှုန်း      သက်သာစွာဖြင့်အသုံးပြုနိုင်မည်ဖြစ်ကာ  ဒေသ၏ စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိဒေသ၏ အခြေအနေဖန်တီးနိုင်မှုသည် ဒေသတွင်း၌ပင် ရှိနေရမည်ဖြစ်ကြောင်း။


ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်စွာ  ထုတ်လုပ်နိုင်ရေး၊  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အသိပညာ၊ အတတ် ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များလိုအပ် မည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်သည့် ရှေ့ပြေးသန်းခေါင်စာရင်းအရ    မိမိတို့နိုင်ငံတွင် အထက်တန်းပညာမသင်ကြားဖူးသူနှင့်   စာလုံးဝ မတတ်မြောက်သူဦးရေသည် မြင့်မားလျက်ရှိသည်ကို တွေ့ရှိရပြီး ပြည်နယ်များတွင် ပညာရေးနှင့်ပတ်သက် ပါက ပိုမိုအားနည်းလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ပညာရေးကိုအလေးပေးဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ကြောင်း၊   ပညာရေးလေ့လာဆန်းစစ်မှု စာရင်းပြုစုမှုမှတ်တမ်းများအရ ကချင်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်၌ KG တန်းတက်ရောက်သူ ဦးရေ ၃၉၀၀၀ ကျော်ရှိပြီး အဆိုပါ ကျောင်းသားကျောင်းသူများသည် တန်းစဉ်ကူးပြောင်းမှုအဆင့်ဆင့်တွင်    အကြောင်း အမျိုးမျိုးဖြင့် ပြုန်းတီးခဲ့ရာ  တက္ကသိုလ်ဝင်တန်းသို့ရောက်ရှိခဲ့သူ ဦးရေ  ၂၀၀၀၀ ခန့်သာရှိခဲ့ကြောင်း၊ အဆိုပါကျောင်းသား ၂၀၀၀၀ တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၅၅၀၀ ကျော်သာရှိခဲ့သဖြင့် မိမိတို့ နိုင်ငံ၏   ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို   မဖြစ်မနေ မြှင့်တင်ဆောင်ရွက်သွားရန်   လိုအပ်နေသည်ကို တွေ့ရှိရကြောင်း။


 ဒေသတိုးတက်ရေးလုပ်ဆောင်ရာတွင်  ရေတို၊ ရေရှည်လုပ်ငန်းများကို  စဉ်းစားလုပ်ဆောင်ရမည် ဖြစ်ပြီး ရေရှည်အတွက် ပညာရေးဖွံ့ဖြိုးတိုးတက်မှုရှိအောင် လုပ်ဆောင်ပေးရမည်၊  အားပေးရမည်ဖြစ် ကြောင်း၊ ဒေသတွင်းရှိ ပညာရေး၊  ကျန်းမာရေးမှ အစ လိုအပ်လျက်ရှိသည့် ပညာတတ်လူသားအရင်း အမြစ်များထွက်ပေါ်လာအောင် အနာဂတ်အတွက် ကြိုတင်မြော်တွေး၍ လုပ်ဆောင်ပေးရန်လိုကြောင်း၊ နိုင်ငံတော်၏ တာဝန်များကို  ထမ်းဆောင်ခဲ့ရပြီး နောက်ပိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားစေခဲ့ကြောင်း၊ သို့သော်လည်း ကိုဗစ် -၁၉  ရောဂါတတိယလှိုင်း ဖြစ်ပေါ်ခဲ့သဖြင့် ကျောင်းများယာယီပိတ်ထားခဲ့ရပြီး ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည့်အချိန်တွင် ပြန်လည် ဖွင့်လှစ်သင်ကြားပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ စီးပွားရေးဆိုင်ရာပညာတတ်များပေါ်ထွက်ရန်နှင့်  ဒီမိုကရေစီခေတ်တွင် ဥပဒေကို သိရှိရန်လိုအပ်သဖြင့် တက္ကသိုလ်များတွင် စီးပွားရေး ပညာနှင့်  ဥပဒေပညာများကို   သင်ကြားပေးရန် ညွှန်ကြားထားရှိကြောင်း။


ထည့်သွင်းစဉ်းစားရမည်


စက်မှုကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများလုပ်ဆောင်ရာတွင် လျှပ်စစ်စွမ်းအင်ရရှိရေးသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်သဖြင့်   ဒေသတွင်း လျှပ်စစ်စွမ်းအား ဖူလုံမှုရှိစေရေး ကြိုးပမ်းလုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ဒေသတွင်းရှိပေါကြွယ်ဝသည့် ဝါးအရင်းအမြစ်များအသုံးချ၍  ချည်ထည်လုပ်ငန်း၊ စက္ကူလုပ်ငန်းတို့ကိုလည်း    လုပ်ဆောင်နိုင်ရေး စဉ်းစားရန်လိုကြောင်း၊ မြို့ပြတည်ဆောက်ရေးနှင့် ပတ်သက်၍ ရေစီးရေလာကောင်းမွန်ရေး၊ လေကောင်း လေသန့်ရရှိရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ပညာရည်သင်ကြားမှုစနစ်မြင့်မားရေး၊ ကျန်းမာ ရေးဆိုင်ရာနှင့်  သယ်ယူပို့ဆောင်မှုစနစ်    Public Transportation   များ  ကောင်းမွန်မှုရှိရန် ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံတွင် ဝယ်ရောင်းလုပ်ငန်းများ အလွန် များပြားလျက်ရှိသည်ကို တွေ့ရှိရပြီး ကုန်ထုတ်လုပ်မှု အားနည်းသည့်  ပုံစံမျိုးဖြစ်နေသည်ကို  တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို အခြေခံသည့် စီးပွားရေးလုပ်ငန်းဖြစ်အောင် တွန်းအားပေးဆောင်ရွက် ရမည်ဖြစ်ပြီး ကချင်ပြည်နယ်သည် နယ်စပ်နယ်နိမိတ် ထိစပ်နေသည့်    ဒေသတစ်ခုဖြစ်သည့်အတွက် နာရီပိုင်းအတွင်း စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ဈေးကွက်သို့  တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ဒေသထုတ်ကုန်များကို  အဆင့်မြှင့်တင်ပြီး  တင်ပို့ရောင်းချနိုင်ရန်လိုကြောင်းနှင့်  ဈေးကွက်ရှိပြီးသား ဖြစ်သဖြင့်    အောင်မြင်အောင်လုပ်ဆောင်ကြစေ လိုကြောင်း။

 

 


ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ မီးခိုးမထွက် သည့် စီးပွားရေးလုပ်ငန်းဖြစ်ပြီး အိမ်သာမှဧည့်လာ မည်ဖြစ်သည့်အတွက်  နေထိုင်ရေး၊  သွားလာရေး၊ စားသောက်ရေး၊ လုံခြုံရေးတို့အပြင် အဘက်ဘက်မှ ပြည့်စုံနေရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသကဲ့သို့ အားကစားကဏ္ဍ        မြင့်မားရေးအတွက်လည်း လုပ်ဆောင်ရန်လိုကြောင်း၊ အားကစားဆောင်ရွက် ခြင်းသည်    သာမန်ကြည့်မည်ဆိုပါက   လူတစ်ဦး တစ်ယောက်၊ လူတစ်စု၏ အားကစားဖြစ်သော်လည်း အားကစားဖွံ့ဖြိုးသည့်  တိုင်းပြည်တစ်ခု၏ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့ကို များစွာဖွံ့ဖြိုးတိုးတက် စေနိုင်သဖြင့် အားကစားကို အားပေးရန်လိုကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်    အားကစားကွင်း များကို အဆင့်မြှင့်တင်ပေးလျက်ရှိသဖြင့် အားကစား ပြုလုပ်သူ၊ လေ့ကျင့်သူများအပြင် စနစ်တကျအားပေး သည့် ပရိသတ်များရှိရန်  လိုအပ်မည်ဖြစ်ကြောင်း၊ အစားအစာကို  ပြည့်ဝစွာစားသုံးပါက  ကိုယ်ခံအား ကောင်းမည်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ပါက ကျန်းမာကြံ့ခိုင်မှုကို ဖြစ်ပေါ်စေနိုင် မည်ဖြစ်ကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားနပ်ရိက္ခာပေါများရေးနှင့် သာယာဝပြောရေးကို ဦးစားပေး  လုပ်ဆောင်နေခြင်းပင်ဖြစ်ကြောင်းနှင့် ဒေသနှင့်တိုင်းပြည်     ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကြိုးပမ်းလုပ်ဆောင်သွားကြရန်လိုအပ်မည်ဖြစ် ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများကို ဆက်လက်ပြောကြားခဲ့သည်။


ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် များသည် တက်ရောက်လာကြသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ရှိ ခရိုင်အားကစားကွင်းနှင့် ပြည်နယ် အားကစားကွင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး အားကစားကွင်း အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ   မှာကြားခဲ့ကြောင်း  သတင်းရရှိ သည်။                                            

  သတင်းစဉ်