ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၁၈


စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေး  ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊   ကုသရေးဆိုင်ရာ ပစ္စည်းများကို     လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ နှောင့်နှေးကြန့် ကြာမှုမရှိ       တင်သွင်းနိုင်ရေး အတွက်    အချိန်နှင့်တစ်ပြေးညီ  စီစဉ်   ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်     ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက် တီး၊ မြဝတီနှင့် တာချီလိတ် စခန်း ငါးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ  ၁၀ ခုမှ ယာဉ်စီးရေ ၁၆ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်သုံးစီးဖြင့်   ၅၆    တန်၊ အောက်ဆီဂျင်(အိုးခွံ) ၄၆၃၀၊ Oxygen Plant ရှစ်ခု၊ အိမ်သုံး Oxygen Concentrator ၁၀ ခု၊ PPE ဝတ်စုံ  ၅၀၀ နှင့် နှာခေါင်း စည်း (Mask) ၁၁ တန် တင်သွင်း ခဲ့သည်။   အောက်ဆီဂျင်(အရည်) Bowser ယာဉ်သုံးစီးမှာ ရန်ကုန် မြို့သို့  တစ်စီး၊   မန္တလေးမြို့သို့ နှစ်စီးဖြစ်ပြီး   Oxygen  Plant ရှစ်ခုမှာ   ရန်ကုန်မြို့သို့    နှစ်ခု၊ ပခုက္ကူမြို့သို့   နှစ်ခု၊    မုံရွာမြို့၊ မြိုင်မြို့၊ ဂန့်ဂေါမြို့နှင့် ထန်ထလန် မြို့များသို့   တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။


စက်တင်ဘာ ၁ ရက်မှ ၁၈ ရက်အတွင်း  ကုမ္ပဏီ ၂၀၄ ခုမှ ယာဉ်စီးရေ ၃၈၀ ဖြင့် အောက်ဆီ ဂျင်(အရည်) Bowser ယာဉ်ဖြင့်  ၅၈၆ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၁၂၆ တန်၊ အောက်ဆီဂျင် ဓာတ်ငွေ့ (Bowser) ယာဉ်ဖြင့် တန် ၂၀၊  Storage Container လေးခု၊ အောက်ဆီဂျင် (အရည်) Distributor တစ်ခု၊ အောက်ဆီဂျင် (အိုးခွံ) ၇၄၀၀၀၊ Oxygen Plant  ၁၅၃ ခု၊ ဆေးရုံသုံး အောက်ဆီဂျင် ဖြည့်စက်    နှစ်ခု၊    Oxygen Generator   ၁၈   ခု၊    အိမ်သုံး အောက်ဆီဂျင်စက်     (Oxygen Concentrator) ၁၁၃၂၈ခု၊ Test Kit ခုရေ ၇၀၀၀၀၊ PPE အစုံရေ ၁၀ သိန်း၊ လက်အိတ် ၈၁ တန်နှင့် နှာခေါင်းစည်း (Mask) တန် ၂၂၇၀ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။ 


စက်တင်ဘာ  ၁ ရက်မှ  ၁၈ ရက်အတွင်း   ပြည်ပမှတင်သွင်း လာသည့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် စုစုပေါင်း ၂၉ စီး မှာ ရန်ကုန်မြို့သို့ အစီး ၂၀၊ မန္တလေး မြို့သို့ လေးစီး၊ မော်လမြိုင်မြို့သို့ နှစ်စီး၊ ပဲခူးမြို့၊ မုံရွာမြို့နှင့် ပြည် မြို့များသို့         တစ်စီးစီဖြစ်ပြီး Oxygen Plant စုစုပေါင်း ၁၅၃ ခု မှာ ရန်ကုန်မြို့သို့ ၁၀၈ ခု၊ မန္တလေး မြို့သို့ ၁၂ ခု၊ ပခုက္ကူမြို့သို့ သုံးခု၊ ချောက်မြို့သို့ သုံးခု၊ လားရှိုးမြို့သို့ နှစ်ခု၊ မင်းဘူးမြို့သို့ နှစ်ခု၊ မအူပင် မြို့သို့  နှစ်ခု၊    မော်လမြိုင်၊   မုံရွာ၊ မြစ်ကြီးနား၊ မိုးကောင်း၊ မြင်းမူ၊ မုဒုံ၊ပြည်၊    မိတ္ထီလာ၊  မြောင်းမြ၊ ဝိုင်းမော်၊ တာချီလိတ်၊ မိုးညှင်း၊ ကံကြီးထောင့်၊ ဖားကန့်၊ အောင်လံ၊ ကဝ၊   စဉ့်ကူး၊   မြိုင်၊   ဂန့်ဂေါ၊ ထန်တလန်နှင့် တန့်ယန်းမြို့များ သို့ တစ်ခုစီဖြစ်ကြောင်း သိရှိရ သည်။


ကိုဗစ်-၁၉ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP  များနှင့် အညီ   ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု  နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရှိရသည်။ 

သတင်းစဉ်