ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ   ၁၈


မြို့နယ်အသီးသီးရှိ   ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး  စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။


ထိုသို့လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၊     ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ ဓာတ်စွမ်းဟုန် ဘုန်းတော်ကြီးကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးသဗ္ဗညုကျောင်း၊ မဟာ မြတ်မုနိကျောင်းတိုက်၊     မြို့မကျောင်းတိုက်နှင့် မြို့ဦးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်        ထောက်ကြန့်တောင်ပိုင်းရပ်ကွက်ရှိ သာသနာ့နိယာမပရိယတ္တိစာသင်တိုက်၊ နွယ်ခွေ ကျေးရွာရှိ ရွှေကျီးပင်စာသင်တိုက်၊ လှည်းကူးမြို့နယ် ရဲမွန်ကျေးရွာရှိ ဇေတဝန်ကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး ကန်ကြီးထောင့်မြို့  ရွှေပြည်အေး ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ် အိုးဘိုပရဟိတ ဘုန်းတော်ကြီးကျောင်း တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်း များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်