လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း စံချိန်စံညွှန်းမီထုတ်လုပ်ပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်

 

ရန်ကုန်   စက်တင်ဘာ   ၁၈


ရန်ကုန်တိုင်းဒေသကြီး   စည်ပင် သာယာရေးဝန်ကြီး၊   ရန်ကုန်မြို့ တော်  စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ် ဌေးသည် ယနေ့နံနက် ၇ နာရီ တွင် ဒဂုံမြို့နယ်  ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ထမ်း အိမ်ရာဝင်း၌  ရွေ့လျားဈေးကား (Mobile    Market)   စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေး  နှင့် သန့်ရှင်းရေးဌာနမှကြီးကြပ်၍  ကုန်စိမ်း၊       ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန် အမျိုး မျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့်      ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဈေးသို့   သွားရောက်ရန်မလိုဘဲ    နေအိမ်အနီး   အလွယ်တကူ  ဝယ်ယူနိုင်ရန်    ရောင်းချပေးနေမှု နှင့် ဒဂုံမြို့နယ်  သန့်ရှင်းသာယာ သပ်ရပ်စေရေးအတွက်   အဆိုပါ  ရုံးဝင်းအတွင်း   ခရိုင်နှင့်    မြို့နယ် စည်ပင်သာယာ ဝန်ထမ်းများဖြင့်   မြက်ချုံနွယ်များ ရှင်းလင်းနေမှု၊ သစ်ပင်ကြီးများ ဝိတ်လျှော့ခုတ် ထွင်ရှင်းလင်းပုံသွင်းနေမှု၊ သစ်ပင် အောက်ခြေများ  ရှင်းလင်းနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။


ထို့နောက်  မြို့တော်ဝန်နှင့်  အဖွဲ့သည် လသာမြို့နယ် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၉၂)ရပ်ကွက်   ပဲခူး မြစ်လမ်းနှင့်   ကျွန်းရွှေဝါလမ်း  ထောင့်    ယုဇနဥယျာဉ်မြို့တော် အိမ်ရာ၊        အင်ဂျင်နီယာဌာန    (အဆောက် အအုံ)မှ   မြို့နယ်ခန်းမ    တည်ဆောက်နေမှုနှင့်   အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား) မှ မြို့နယ်ခန်းမအဝင်တံတား တည် ဆောက်နေမှုတို့ကိုလည်းကောင်း၊ အင်ဂျင်နီယာဌာန  (လမ်းနှင့် တံတား) မှ ဆောင်ရွက်နေသော ဒဂုံမြို့သစ်  (ဆိပ်ကမ်း)မြို့နယ် ပဲခူးမြစ်လမ်း (ကျားကြီးရေတံခါး နှင့်    ဘုရင့်နောင်လမ်းအကြား)    ကွန်ကရစ်ခင်းခြင်း  ဆောင်ရွက် နေမှုကိုလည်းကောင်း၊  ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂)လမ်းနှင့်   မြို့ပတ်လမ်းထောင့်    မစိုချောင်းဘေးတွင် အင်ဂျင်နီယာ ဌာန (ရေပေးဝေရေးနှင့် သန့်ရှင်း မှု) မှ  ဆောင်ရွက်လျက်ရှိသည့် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း လုပ်ငန်းခွင်၌ အကြိုအနည်ထိုင် ကန်၊ အနိမ့်ရေတင်စက်ရုံ၊ ရေဖြန့်ခွဲ အဆောက်အအုံ၊ အနည်ထိုင်ကန်၊ ရေစုကန်၊   သဲရေစစ်ကန်၊ ရေသန့် စင်စက်ရုံများကို    လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး စက်များကြံ့ခိုင် ကောင်းမွန်ရေးနှင့် စံချိန်စံညွှန်းမီ ထုတ်လုပ်ပေးနိုင်ရေး မှာကြားပြီး လိုအပ်သည်များ    ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။                    

သတင်းစဉ်