
ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) အောက်ရှိ YBS ခရီးသည်တင်ယာဉ်များတွင် လိုက်ပါစီးနင်းသည့် ခရီးသည်များ အပေါ် အကူလူများလိုက်ပါကာ သတ်မှတ်နှုန်းထားများထက် ပိုမို တောင်းခံနေခြင်းကို YRTC အနေ ဖြင့် ယာဉ်စည်းကမ်းထိန်းသိမ်း စစ်ဆေးရေးအဖွဲ့များဖွဲ့ပြီး လာ မည့် စက်တင်ဘာ ၂၀ ရက်တွင် စတင်ကာ ရှောင်တခင်စစ်ဆေး အရေးယူမှုများ လုပ်ဆောင်သွား တော့မည်ဖြစ်ကြောင်း YRTC ရုံးမှ သိရသည်။
စတင်စစ်ဆေးအရေးယူ
“ လတ်တလော ရန်ကုန်မြို့ YBS ခရီးသည် ယာဉ်လိုင်းပြေးဆွဲမှု နဲ့ ပတ်သက်လို့ အဓိကပြဿနာ ကတော့ ခရီးသည် ပိုက်ဆံထည့် တဲ့ပုံးတွေ ပိတ်ထားပြီး အကူလူ တွေက သတ်မှတ်နှုန်းထားထက် ငွေပိုတောင်းတာပဲ။ တချို့ ယာဉ် မောင်းတွေက ကိုဗစ်-၁၉ ကပ် ရောဂါအခြေအနေနဲ့ စက်သုံး ဆီဈေးတက်တဲ့အပေါ်မူတည်ပြီး ခရီးသည်တွေဆီက သတ်မှတ်နှုန်း ထက် ပိုတောင်းတဲ့ဖြစ်စဉ်တွေက နေ့စဉ်တိုင်တန်းမှု ပိုပိုများလာတာ ကို တွေ့ရတယ်။ ဒါကြောင့် အခုလာမယ့် သီတင်းပတ်ကစပြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စစ်ဆေးရေးအဖွဲ့တွေက YBS ယာဉ်မောင်းများ သတ်မှတ် ချက်များနဲ့အညီ စည်းကမ်း တကျလိုက်ပါ ပူးပေါင်းဆောင် ရွက်မှု ရှိ/ မရှိကို စတင်စစ်ဆေး အရေးယူမှုများ ဆောင်ရွက်မှာ ဖြစ်တယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
သတ်မှတ်စည်းကမ်းချက်များ
ယင်းအစီအစဉ်ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စတင်ဆောင်ရွက် မည်ဖြစ်ပြီး စစ်ဆေးမည့်အချက် များအနေဖြင့် ယာဉ်စီးခ သတ်မှတ်နှုန်းထားထက် ပိုမို တောင်းခံနေမှုများအပြင် YBS ယာဉ်များအနေဖြင့် ဂိတ်ရင်း/ ဂိတ်ဖျားများမှ ဂိတ်လွှတ်စနစ် မှန်ကန်မှု ရှိ/ မရှိ၊ နေ့စဉ်ထွက် ယာဉ်များစာရင်း မှန်ကန်မှု ရှိ/ မရှိ ဝေးဘီလ်၊ Time Sheet များ စနစ် တကျ မှန်ကန်စွာ အသုံးပြုခြင်း ရှိ/ မရှိ၊ ယာဉ်မောင်းများ သတ်မှတ်ယူနီဖောင်းဖြင့် မောင်း နှင်ခြင်း ရှိ/ မရှိ၊ ယာဉ်မောင်းများ ယာဉ်မောင်းလိုင်စင်မှန်ကန်မှု ရှိ/ မရှိ၊ ယာဉ်မောင်းများ အရက် သေစာ သောက်စားမောင်းနှင် ခြင်း ရှိ/ မရှိတို့အပြင် သတ်မှတ် လမ်းကြောင်း မောင်းနှင်ခြင်း ရှိ/ မရှိ စသည်ဖြင့် YRTC မှ ထုတ်ပြန်ထားသော သတ်မှတ် စည်းကမ်းချက်များနှင့် အညီ လိုက်နာမှုများ ရှိ/ မရှိတို့ကို စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စစ်ဆေးကြပ်မတ်သွားမည်
ထို့အပြင် ခရီးသည်များ အကြား မကြာခဏ အခက်ကြုံ နေရသည့်ဖြစ်စဉ်မှာ ထင်မှတ် မထားဘဲ မူရင်းလမ်းကြောင်း များမှ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ သွေဖည်ကာပြေးဆွဲနေမှု များ ထပ်မံမဖြစ်ပေါ်စေရေး အတွက် သတ်မှတ်လမ်းကြောင်း အတိုင်း မောင်းနှင်ခြင်း ရှိ/ မရှိ၊ ခရီးစဉ် ဂိတ်စ/ ဂိတ်ဆုံး ပြေးဆွဲ ပေးခြင်း ရှိ/ မရှိ၊ မော်တော်ယာဉ် များ မြို့တော်အင်္ဂါရပ်နှင့်အညီ ရှိ/ မရှိ၊ သတ်မှတ် မှတ်တိုင်ဧရိယာ များအတွင်း စနစ်တကျ ရပ်နား ခြင်း ရှိ/ မရှိ၊ ယာဉ်ပေါ်တွင် မဖြစ် မနေ အထောက်အထားခိုင်လုံစွာ ပါရှိရမည့် စာရွက်စာတမ်းများ ပါရှိမှု ရှိ/ မရှိ စသည့်စည်းကမ်း ချက်များကို ကော်မတီအဖွဲ့အနေ ဖြင့် စစ်ဆေးကြပ်မတ်သွားမည် ဖြစ်သည်။
အခက်ကြုံနေရမှုအပေါ် အဆင်ပြေစေရန်
ထိုသို့ ရန်ကုန်မြို့အတွင်း YBS ယာဉ်များ စစ်ဆေးမှုများကို ပြီးခဲ့သော ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း အပြီးကာလတွင် လည်း YRTC အနေဖြင့် စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ အများဆုံး တွေ့ရှိမှုသည် YBS ယာဉ်မောင်း များအနေဖြင့် ခရီးသည်များအပေါ် သတ်မှတ် ယာဉ်နှုန်းထားခများ ထက် ပိုမိုတောင်းခံနေခြင်းပင်ဖြစ် သည်။ လတ်တလော ရန်ကုန်မြို့ YBS ယာဉ်များအနေဖြင့် စက် သုံးဆီဈေး အခြေအနေတစ်ရပ် ကြောင့် ခရီးသည်များအပေါ် သတ်မှတ်နှုန်းထားထက် ပိုမို တောင်းခံနေမှုကြောင့် အခက် ကြုံနေရမှုအပေါ် အဆင်ပြေစေရန် အတွက် YRTC အနေဖြင့် သတ် မှတ်နှုန်းထားများကို ထပ်မံ ညှိနှိုင်းအတည်ပြု ဆောင်ရွက် ပေးရန်လည်း ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။
သတင်း- မြင့်မိုရ်၊
ဓာတ်ပုံ- မိုးမခ