ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သောလူနာများကို ထောက်ပံ့ငွေပေးအပ်

 

ပြင်ဦးလွင်    စက်တင်ဘာ   ၁၈


မန္တလေးတိုင်းဒေသကြီး  ဝန်ကြီး ချုပ်  ဦးမောင်ကိုသည်   ယနေ့ နံနက် ၉ နာရီက   ပြင်ဦးလွင်မြို့ အမှတ် (၁)     တပ်မတော်ဆေးရုံ  ခုတင်(၇၀၀)သို့ သွားရောက်၍    အောင်မြေသာစံမြို့နယ်   ဒေါန ဘွားရပ်ကွက်၌     စက်တင်ဘာ ၁၃ ရက်က   ကိုဗစ်-၁၉   ကုသ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်စဉ်နေစဉ် အကြမ်း ဖက်တိုက်ခိုက်မှုကြောင့်   ဒဏ်ရာ ရရှိခဲ့သော လူနာများကို သွားရောက် ကြည့်ရှုအားပေးသည်။ 


ယင်းနောက် ဒဏ်ရာရလူနာ  နှစ်ဦးကို ကြည့်ရှုကာ  လူနာနှင့် မိသားစုများအား   လိုအပ်သည် များ ကူညီအားပေးပြီး ငွေကျပ် ငါးသိန်းစီ   ထောက်ပံ့ပေးအပ်ခဲ့ သည်။


ဆက်လက်၍ ပြင်ဦးလွင်မြို့ မန္တလေး - ပြင်ဦးလွင်  -    လားရှိုး ကားလမ်းနံဘေးရှိ နန်းမြိုင်ချယ်ရီ တန်းသို့ သွားရောက်၍ ချယ်ရီပင် များ ကြီးထွားအောင် သေချာပြုစု ပျိုးထောင်ရေး၊ အောက်ခြေတော များ ရှင်းလင်းရေး၊ ပလက်ဖောင်း များကို အများပြည်သူအပန်းဖြေ  လမ်းလျှောက်နိုင်အောင်    စီစဉ် ရေးတို့ကို    တာဝန်ရှိသူများနှင့် ပေါင်းစပ်   ညှိနှိုင်းပေးခဲ့ကြောင်း     သိရသည်။ 

သတင်းစဉ်